သားလေး (၁၅) နှစ်အရွယ်မှာ သိစေချင်တဲ့ အရာလေးတွေ

blank

သားလေးရေ….

ဘဝမှာ စိတ်ပျက်အားငယ်စရာတွေ ကြုံတွေ့လာတဲ့အခါ အားမလျှော့ဘဲ ရှေ့ဆက်လျှောက်လှမ်းပါ။

သားဘဝမှာ သားတမ်းတမ်းစွဲ လိုချင်တပ်မက်တဲ့အရာတွေ မရတဲ့အခါ၊ လုပ်ချင်တဲ့အရာတွေမလုပ်ရတဲ့အခါ စိတ်မညစ်ပါနဲ့။ ဒါဟာ ဘဝလို့ခေါ်တယ်ဆိုတာရယ် အဲ့ဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်ခြင်းကမှ ဘဝကို အဓိပ္ပါယ်ပိုရှိစေတယ်ဆိုတာကို မှတ်ထားပါ။

သားဘဝအတွက် အရေးပါတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားပါ။ သူငယ်ချင်းကောင်း လိုချင်ရင် ကိုယ်တိုင်က သူငယ်ချင်းကောင်းဖြစ်အောင် အရင်ဆုံးနေပါ။

သားဘဝမှာ ကြုံတွေ့ဆက်ဆံရတဲ့သူတွေနဲ့ ထိုက်တန်တဲ့ ချီးကျူးဂုဏ်ပြုမှုလေးတွေ ပြုလုပ်ပေးပါ။ ဒါဟာသားကို လူချစ်လူခင်များလာစေဖို့ အထောက်အပံ့ တစ်ခုပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့နဲ့ ကိုယ့်ရင်ထဲစကားသံတွေကို ပြန်နားထောင်ဖို့ အချိန်ပေးပါ။

ကျန်းမာရေးကို အထူးဂရုစိုက်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ်ဘာစိတ်ဝင်စားလဲ မရှာဖွေနိုင်ဘူးဖြစ်နေရင် ဖန်တီးယူရပါမယ်။

သားနေ့စဉ်ပြုမူနေကျ အမူအကျင့်တွေက သားအနာဂတ်ကို ပုံဖော်သွားမယ်ဆိုတာကို မှတ်ထားပါ။

ဘယ်လောက်သေးငယ်တဲ့ ကိစ္စပဲ ဖြစ်နေပါစေ ကိုယ်ပြောထားတဲ့ စကားအတိုင်း တာဝန်ယူတတ်ပါ။

စိတ်ထားပြည့်ဝတဲ့ သူတွေကို အနားမှာ ဝန်းရံထားပါ။ အကောင်းမြင်စိတ်ကို မွေးမြူပါ။ ကျေးဇူးတရားတွေကို အမြဲအောက်မေ့သတိရနေဖို့ လိုအပ်တယ် သား။
လုပ်တဲ့အရာတိုင်းကို စိတ်ပါဝင်စားစွာလုပ်ပါ။

သင်ကော… သင့်သားကိုပြောချင်တာလေးတွေရှိလား။