ညီအစ်မရှိသူတွေသာ နားလည်နိုင်သော အရာလေးများ

blank

ဘဝမှာ စိတ်ရောလူပါ ပေါင်းသင်းလို့ရတဲ့ သူငယ်ချင်းကောင်းရှိခြင်းက ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ။ ဒီထက်ကောင်းတာကတော့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ညီအစ်မတွေရှိခြင်းပါပဲ။ ကိုယ့်ကို တစ်လောကလုံးက ဆန့်ကျင်နေရင်တောင် ကိုယ့်ဘေးမှာ မားမားမတ်မတ် ရပ်တည်ပေးနေမယ့်သူပါ။

အောက်ဖက်မှာကတော့ ညီ၊အစ်မရှိသူတွေသာ ရရှိခံစားလို့ရတဲ့ အကျိုးကျေးဇူးတွေကို ဂန္ထဝင်မဂ္ဂဇင်း အနေနဲ့ တင်ဆက်ပြသလိုက်ပါတယ်။

၁။ မိသားစုအရေးတွေကိုရော အခြားအတွင်းရေးတွေကိုပါ စိတ်ချလက်ချ တိုင်ပင်လို့ရပါတယ်။ ကိုယ့်ကို နားလည်မှု အပေးနိုင်ဆုံးလူသားပါပဲ။

၂။ စိတ်ဆိုးနေတဲ့ အချိန်မှာတောင် ကိုယ့်အတွက် အမြဲ အသင့်ရှိနေပေးတယ်။

၃။ ဘယ်တော့မှကိုယ့်ကို တစ်ဖက်သတ် ဝေဖန် အပြစ်ပြောနေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အကြောင်း ကောင်းကောင်းသိနေလို့ပါ။

၎။ ကိုယ်ဘာဖြစ်နေတယ် ဆိုတာကို အထင်လွဲမှာ ပူပန်နေစရာ မလိုပါဘူး။ ဘယ်လိုကိစ္စမျိုးမဆို သူမအလိုလို နားလည်ပြီးသားပါ။

၅။ သူဟာ ကိုယ့်ထက် အသက်အရွယ်ကြီး ရင့်သူဆိုရင်တော့ သူ့အတွေ့ အကြုံတွေကတစ်ဆင့် ကိုယ့်ကို အများကြီး သင်ကြားသွားပါတယ်။

၆။ ကိုယ့်ကသူ့ အကူအညီမလိုဘူး ပြောနေရင်တောင် ကိုယ်လို၊မလို မပြောဘဲ သူကကြိုသိပြီးသား။

၇။ ညီအစ်မနှစ်ယောက်သာ နားလည်နိုင်တဲ့ ရယ်စရာလေးတွေ ပြောဆို နေချိန်ကတော့ ဘဝရဲ့ အလွတ်လပ်ဆုံး အချိန်ပါပဲ။

၈။ ကိုယ့်ချစ်သူနဲ့ သဝန်တိုနေရမယ့် မိန်းမထဲမှာ သူမ မပါပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၉။ ကိုယ်အမှားတစ်ခုခု ပြုလုပ်မိနေတာကို ရေလိုက်ငါးလိုက်နဲ့ မသိကျိုးကျွံပြုနေမှာ မဟုတ်ပါဘူး။

၁ဝ။ ကိုယ့်အဝတ်အစားတွေ သူ ယူဝတ်လို့လည်း စိတ်ဆိုးမိမှာ မဟုတ်ပါဘူး။

၁၁။ တစ်ခြားသူတွေနဲ့ အဆင်မပြေဖြစ်နေချိန်မှာ ကိုယ့်အတွက် အကောင်းဆုံး အဖော်မွန်ပါပဲ။

၁၂။ ချစ်သူနဲ့ ပြတ်စဲသွားတဲ့ အချိန်မှာတောင် ရင်ဖွင့်တိုင်ပင်ဖို့၊ ငိုကြွေးလိုက ငိုကျွေးဖို့ အသင့်ရှိနေပေးသူပါ။

၁၄။ ကိုယ်နဲ့ပတ်သက်တဲ့ ပြောင်းလဲမှုလေးတွေ မည်မျှပင် သေးငယ်စေကာမူ သူကတော့ သတိထားမိပါလိမ့်မယ်။

၁၅။ ကိုယ်က လတ်တလော အဆင်ပြေမှုကို မစွန့်ခွာနိုင်ဘဲ လုပ်သင့်တာတွေ မလုပ်နေဘူးဆိုရင် အမုန်းခံပြီး နွံထဲက ဆွဲထုတ်မယ့်သူပါ။

၁၆။ အိမ်ထောင်ကျသွားတဲ့ အခါမှာလည်း ကိုယ့်ကလေးတွေအတွက် ဝေယျာဝစ္စလုပ်ပေးဖို့ အဆင်သင့်ရှိ နေပြန်သေးတယ်။

၁၇။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ အဆက်အသွယ်ပြတ်နေပါစေ စိတ်ချင်းနီးနေပြီးသားဆိုတာ သိနေလို့ရတယ်။

၂ဝ။ ကိုယ့်ရဲ့ အကောင်းအဆိုးတွေအားလုံးကို ချစ်မြတ်နိုးနိုင်တယ်။ ကိုယ့်ရဲ့ ပကဓိတရားတွေကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။