ဘဝတိုက်ပွဲတစ်ခုကို ဒူးထောက် လက်မြောက် အရှုံးမပေးမီ

blank
Photo Reference: http://blog.matrisms.com/?p=14363

စာဖတ်ပရိသတ်ကြီးတို့… အိပ်ယာထဲကနေတောင် မရုန်းထနိုင်လောက်အောင် နာကျင်ကြေကွဲပြီး ဝမ်းနည်းအားငယ်နေတဲ့ အချိန်မျိုးတွေ ကြုံတွေ့ဖူးကြမှာပါ။ ဒီလိုအချိန်တွေမှာ တစ်လောကလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး တစ်ယောက်တည်း နေချင်စိတ်လေးတွေ ဖြစ်တတ်တယ်လေ။ ဒါပေမယ့်လည်း ဒီအခန်းကျဉ်းလေးထဲမှာ ဘယ်လောက်ကြာအောင် နေနိုင်မှာမို့လို့လဲ။

ဒီတော့ ဘယ်လောက်ပဲ စိတ်အားငယ်နေပါစေ ကိုယ့်ကိုယ်ကို စိတ်အားတင်းပြီး အရင်ဆုံး အိပ်ယာထဲကထလိုက်ပါ။ အနှစ်သက်ဆုံး ဝတ်စုံလေးတွေဝတ်ပြီး ကိုယ့်ကိုယ်ကို အလှပဆုံး ပြင်ဆင်လိုက်ပါ။ ပြီးရင်တော့ ကိုယ့်ကိုချစ်ခင်မြတ်နိုးတဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်လိုက်ပါ။ တစ်ကယ်စစ်မှန်တဲ့ မိတ်ဆွေတွေသာဆိုရင် သင်ဝမ်းနည်းအားငယ်နေချိန်မှာ သင့်ကိုပစ်ထားမှာ မဟုတ်ပါဘူး။ ဒီလို အချိန်မျိုးမှာ သူငယ်ချင်းကောင်းတွေနဲ့ ကိုယ်ကိုယ်ကို ဝန်းရံထားဖို့လိုအပ်ပါတယ်။

ကိုယ်စိတ်ပျက်အားငယ်နေချိန်မှာ မှီခိုစရာ၊ ရင်ဖွင့်တိုင်ပင်စရာ ရင်ခွင်လေးတွေ ရှိနေဖို့အတွက် သူငယ်ချင်းတွေ၊ မိသားစုတွေကို ဘုရားသခင်က ဖန်ဆင်းပေးထားတာပါ။ ဒါကြောင့် စိတ်ထဲမှာ ခံစားနေရတာတွေကို ကွယ်ဝှက်မထားဘဲ ရင်ဖွင့်တိုင်ပင်လိုက်ပါ။

ဘဝမှာ တစ်ယောက်တည်း ရင်ဆိုင်ရမယ့် တိုက်ပွဲတွေ အများကြီး ရှိနေပေမယ့် အရာရာတိုင်းကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေရဲ့ ကူညီမှုကိုယူပြီး ပြိုလဲနေရာကနေ ရုန်းထလိုက်ပါ။ “အရာရာ အဆင်ပြေသွားမှာပါ” ဆိုတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။