လူမှုဆက်ဆံရေး ကောင်းသူ တစ်ဦးဖြစ်လာဖို့

blank

ဂန္ထဝင် စာဖတ်ပရိသတ်ကြီးတို့… နေ့စဉ်ဘဝမှာ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါမှု အခန်းကဏ္ဍကို သိကြမယ်ဆိုတာ မလွဲဧကန်ပါပဲ။ ကျွန်ုပ်တို့နေ့စဉ် ဘဝမှာ ကြုံတွေ့နေသမျှ လူတွေဟာ ကျွန်ုပ်တို့ဘဝရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တာကြောင့် သူတို့နဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်မှ ကျွန်ုပ်တို့ ဘဝလေးတွေလည်း အေးချမ်းသာယာလာမှာပါ။ အောက်ဖက်မှာတော့ ဘယ်လိုဆက်ဆံရေးမျိုးကိုပဲဖြစ်ဖြစ် အဆင်ပြေ ချောမွေ့စေဖို့ နည်းလမ်းကောင်းလေးများကို မျှဝေလိုက်ပါတယ်။

၁။ ကိုယ့်အပေါ် ဆက်ဆံစေချင်တဲ့အတိုင်း အခြားသူများကိုလည်း ပြုမူဆက်ဆံပါ။

၂။ ကိုယ့်ကိုယ်ကို ဦးစွာ တန်ဖိုးထားတတ်မှ သူတစ်ပါးကလည်း ကိုယ့်ကိုတန်ဖိုးထားဆက်ဆံမယ် ဆိုတာကို သတိရပါ။

၃။ မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် သစ္စာစောင့်သိပါ။

၎။ လူတိုင်းကို မေတ္တာရှေ့ထားပြီး တန်ဖိုးထား ဆက်ဆံပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ တစ်စုံတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ့်ပရောဂကြောင့် ယိမ်းယိုင်မသွားစေဖို့ အထူးဂရုပြုဆက်ဆံပါ။

၆။ တစ်စုံတစ်ယောက်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့ မကြိုးစားဘဲ အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားပါ။

၇။ တစ်စုံတစ်ယောက် ဝမ်းနည်းအားငယ်နေချိန်မှာ နားခိုစရာ ရင်ခွင်တစ်ခု အဆင်သင့်ရှိနေပါ။

၈။ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်အရှိတရားတွေကို ပြောင်းလဲဖို့ မလိုသလို အခြားသူတစ်ယောက်ရဲ့ ဖြစ်တည်မှုကိုလည်း ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

၉။ အခြားသူတွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပါ။ သူတို့ရဲ့ ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန်တွေမှာ အတူရှိနေပါ။

၁ဝ။ တစ်ဖက်သား နာကြင်စေမယ့် အပြုအမူ အပြောအဆိုမျိုးကို ရှောင်ကျဉ်ပါ။

၁၁။ မကောင်းမြင်စိတ်ရှိပြီး ကိုယ့်ကိုလွှမ်းမိုးလာနိုင်တဲ့ သူတွေနဲ့ ဝေးရာမှာ နေပါ။

၁၂။ မိတ်ဆွေအသစ်တွေ ရှာဖွေပြီး အတွေ့အကြုံ အသစ်တွေ ရယူပါ။

၁၃။ မလိုအပ်ဘဲ အငြင်းပွားတာတွေကို ရှောင်ကြဉ်လိုက်ပါ။

၁၄။ “မှန်တာပြော ရွာအပြင်ထုတ်ခံရမယ်” ဆိုပေမဲ့ အမှန်တရားကို ချစ်မြတ်နိုးပါ။

၁၅။ ကိုယ့်အတွက် ဘာမှ အရေးမပါတဲ့ အရာလေးတွေကို လိုက်ခံစားနေမယ့်အစား မေ့ပစ်ပြီး ရှေ့ဆက် လျှောက်လှမ်းလိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။