ကျေးဇူးပါ သူငယ်ချင်း

blank

၁။ ငါ မကြားချင်တဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ချပြပေးခဲ့တဲ့အတွက် ကျေးဇူးပါ။

၂။ စိတ်ဓါတ်ကျ အားငယ်နေချိန်မှာ ငါ့ အနားမှာ အမြဲတမ်းရှိနေပေးတဲ့အတွက် ကျေးဇူးပါ။

၃။ စိတ်ရူးပေါက်တဲ့အခါ လျှောက်လုပ်သမျှတွေကို မငြီးမငြူ လိုက်ပါပေးတဲ့ အတွက် ကျေးဇူးပါ။

၎။ ငါ အမှားတစ်ခုခု လုပ်မိနေရင် သတိပေးပြီး အကြံဉာဏ်တွေ ပေးတဲ့ အတွက် ကျေးဇူးပါ။

၅။ ငါ့ရှေ့မှာ ဘယ်တော့မှ အကောင်းမပြောပေမယ့် ငါ့ကွယ်ရာမှာ ဝေဖန်အပြစ်တင်တာမျိုးတွေ မလုပ်တဲ့အတွက် ကျေးဇူးပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ဝေးကွာနေတဲ့ အချိန်မှာတောင် ငါ့အတွက် အမြဲ ရပ်တည်ပေးနေတဲ့ အတွက် ကျေးဇူးပါ။

၇။ ငါ့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို မျှဝေ ခံစားပေးတဲ့အတွက် ကျေးဇူးပါ။

၈။ ငါတို့ အတူပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေအတွက် ကျေးဇူးပါ။

၉။ ငါ့အတွက် အနစ်နာခံခဲ့တာတွေအတွက် ကျေးဇူးပါ။

၁ဝ။ ငါစိတ်တွေ လေလွင့်နေတဲ့ အချိန်မှာ အားပေးခဲ့တာတွေ အတွက် ကျေးဇူးပါ။

၁၁။ ငါတို့ အမြင်တွေမတူပေမယ့် မတူညီမှုတွေကို လက်ခံပေးခဲ့တဲ့အတွက် ကျေးဇူးပါ။

၁၂။ ငါ့ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးခဲ့တဲ့ အတွက်ကျေးဇူးပါ။