ခင်ပွန်းသည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလေး ဖြစ်စေဖို့

blank

ကျွန်မတို့ မီးဖိုခန်းထဲမှာ ရေတွေစိမ့်နေတာ ညကသတိထားမိလိုက်တယ်။ ကျွန်မခြေထောက် အောက်ကရေအိုင်ကို ကြည့်ခြင်းအားဖြင့် တစ်နေရာရာက ရေယိုစိမ့်မှုဖြစ်နေပြီဆိုတာ သေချာတာပါတယ်။ ဒီည သူ ပင်ပန်းလာလို့ ဒီအပေါက်ကို မဖာထေးဖြစ်ရင် တစ်ဖြေးဖြေးနဲ့ ပိုဆိုးလာမှာပါ။ ဒီယိုစိမ့်နေတဲ့ ရေပေါက်ကိုသာ မဖာထေးဘဲ (၁၀)နှစ်လောက် ကြာအောင် ပစ်ထားလိုက်မယ်ဆို ကျွန်မတို့ အိမ်ဘာဖြစ်သွားမလဲ မစဉ်းစားရဲအောင်ပါပဲ။ ဒီရေပေါက်လေးကို ကြည့်ပြီး ကျွန်မတွေးလိုက်မိတာက အခြား ယိုစိမ့်မှုတစ်ခုဖြစ်တဲ့ ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးကိုပါ။

ယောက်ျားဖြစ်သူကို ဘေးကနေ ပူညံပူညံ နဲ့ လိုက်ပြောနေတတ်တဲ့ မိန်းမတွေဟာ တကယ်တော့ စောစောက ဖော်ပြခဲ့တဲ့ ရေယိုနေတဲ့ အပေါက်လေးလိုပါပဲ။ ကောင်းစေချင်တဲ့ဆန္ဒနဲ့ ဆိုတာမှန်ပေမဲ့ သတိမထားမိဘဲ ဆက်နေသွားမယ်ဆို တဖြည်းဖြည်းနဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာပါ။ ဒီလို အငြင်းပွားမှုလေးတွေက ကြီးမားတဲ့ စိတ်ပျက်ဖွယ် အစိုင်အခဲကြီးတွေ ဖြစ်လာနိုင်တာ သတိပြုဖို့ ကောင်းလှပါတယ်။

အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ သင့်ခင်ပွန်းသည်နဲ့ အကောင်းမွန်ဆုံး ဆက်ဆံရေးလေး တည်ဆောက်နိုင်ဖို့ သင့်တော်တဲ့ အကြံညဏ်လေးတွေ ဖြစ်ပါတယ်။

၁။ သူပြောချင်တဲ့ အကြောင်းအရာတွေကို ဂရုတစိုက်နားထောင်ပါ။ စကားသံတွေကတစ်ဆင့် သူ့ရင်ထဲက ခံစားချက်တွေကို နားလည်နိုင်အောင် ကြိုးစားပါ။

၂။ သူနဲ့ စေ့စပ်တဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ နုပျိုတဲ့ ခံစားမှုလေးတွေနဲ့ ခင်ပွန်းသည်ကို အမြဲ ဂရုတစိုက်ရှိနေပါ။

၃။ အမှားတွေကို နင်းပြီး ဖိနှိပ်နေမှာထက် သူ့အားသာချက်လေးတွေ ပိုအားကောင်းလာအောင် ဘေးကပါရမီ ဖြည့်ပေးပါ။

၎။ မိသားစုအတွက် ပေးဆပ်ခဲ့တာတွေ၊ သူလုပ်ခဲ့တဲ့ ကောင်းမွန်တဲ့ လုပ်ရပ်လေးတွေကို အမြဲ အသိအမှတ်ပြု ချီးကျူးပေးပါ။

၅။ သင် သူ့ကိုဖြစ်စေချင်တဲ့ ပုံစံ ဆိုတာထက် သူရဲ့ အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားပါ။

၆။ အတတ်နိုင်ဆုံးဒေါသတွေကို ထိန်းချုပ်ပါ။ စိတ်ညစ်ငြူးဖွယ် ကိစ္စတွေကို ခေါင်းအေးအေးထားပြီး ချစ်ခြင်းမေတ္တာတွေနဲ့ အငြိမ်းချမ်းဆုံး ဖြေရှင်းပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။