လက်ထပ်ဖို့ မဆုံးဖြတ်ခင် စဉ်းစားသင့်မည့် အရာလေးများ

blank

လက်ထပ်ခြင်းဟူသည် မိမိ ဘဝတစ်ခုလုံးရင်းနှီးပြီး အခြားသူတစ်ယောက်နဲ့ တစ်ဘဝလုံးစာ ပေါင်းစည်းလိုက်ခြင်း ဖြစ်ပါတယ်။ လူအမျိုးမျိုးဟာ အကြောင်းအမျိုးမျိုးကြောင့် လက်ထပ်ကြပါတယ်။ သို့ပေမဲ့ လက်ထပ်ခြင်းက တစ်ဘဝလုံးနဲ့ သက်ဆိုင်တာကြောင့် အောက်ဖော်ပြပါ ရေတို အကြောင်းအရာလေးတွေကြောင့်တော့ လက်ထပ်ဖို့ မသင့်ပါဘူး။

၁။ ကိုယ့်ကိုယ်ကို အသက်ကြီးနေပြီလို့ ထင်မြင်ပြီးစိုးရိမ်စိတ်ဖြင့် လက်ထပ်ခြင်း။

၂။ တစ်ယောက်ထဲ အထီးကျန်နေတာမို့ လက်ထပ်ခြင်း

၃။ ငွေရေးကြေးရေး လုံခြုံမှုအတွက် လက်ထပ်ခြင်း ။

၎။ မမျှော်လင့်တဲ့ အခြေအနေတစ်ခု လွန်ကျူးခဲ့မိလို့ လက်ထပ်ခြင်း ။

၅။ လူတစ်ယောက်ကို မဆုံးရှုံးချင်ရုံ သပ်သပ်ကြောင့် လက်ထပ်ခြင်း။

၆။ မိသာစုရဲ့ တွန်းအားပေးမှုကြောင့် လက်ထပ်ခြင်း။

၇။ သူများ မင်္ဂလာပွဲတွေကို အားကျပြီး လက်ထပ်ခြင်း။

၈။ သူငယ်ချင်းတွေ လက်ထပ်သွားပြီမို့ ရှက်ပြီး လက်ထပ်ခြင်း ။

အထက်ပါအကြောင်းအရာတွေကြောင့် လက်ထပ်ခြင်းမျိုးတွေဟာ ရေရှည်သာယာတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့လုံးဝ မဖြစ်နိုင်ပါဘူး။

သင်တကယ်လက်ထပ်ဖို့ ဆုံး ဖြတ်သင့်တဲ့ အခြေအနေဆိုတာ…..

ကိုယ်နဲ့ လက်တွဲမယ့်သူကို တစ်ကယ်ချစ်မြတ်နိုးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် တစ်ယောက်ကို တစ်ယောက် အပေးအယူ မျှမျှ နဲ့ ဘဝခရီး တလျှောက် အပြန်အလှန် ဖေးမကူညီပြီး နောက်ဆုံးအချိန်ထိ အတူရှိနေချင်တဲ့ ဆန္ဒရှိပြီဆိုမှ လက်ထပ်ဖို့ စဉ်းစားပါ။ -ဂျွန် ဒူး မလို(John Dumelo)

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ တစ်ခုခု ရခဲ့ရင်Share ပေးဖို့ မမေ့နဲ့နော်။