ဖန်သားပြင်ပေါ်က နာမည်ကြီး ဇာတ်ကောင်တွေလို ၀တ်ဆင်ထားတဲ့ ချစ်စရာကလေး

blank

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဓာတ်ပုံပညာရှင် ကာရန် အဘတ်(Karen Abad) သည် အင်ဒီယာနာ(Indiana) ရှိသူငယ်ချင်းထံ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အပြင်မှာလည်း အလွန်အေးနေတာနဲ့ နွေးနွေးထွေးထွေးနေရအောင် အိမ်ထဲမှာပဲ တစ်ခုခုဖန်တီးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့သူငယ်ချင်းရဲ့ကလေးလေး အိုလီဗီယာ(Olivia)နဲ့အတူ စိတ်ဝင်စားစရာလေးတွေ ဖန်တီးဖြစ်ခဲ့ကြတယ်။ အဘတ်(Abad) နဲ့ အိုလီဗီယာ(Olivia) မိခင် ခရစ်တီးနား(Cristina) တို့က တီဗွီဖန်သားပြင်ပေါ်က နာမည်ကြီး ဇာတ်ကောင်လေးတွေကို ကိုယ်တိုင်လက်ဝင်စွာ ပြင်ဆင်ခဲ့ကြပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

KarenAbad1 KarenAbad2 KarenAbad3 KarenAbad4 KarenAbad5 KarenAbad7

ကလေးလေးကို TV show ဇာတ်ကောင် တွေဖြစ်တဲ့ Girls ဇာတ်လမ်းတွဲထဲမှာ ဟန်နာ ဟော်ဗက်(Hannah Horvath)၊ Game of Thrones မှ ခလီးစီ ဒါးနေ့စ် တာဂေးရီးယန်း (Khaleesi Daenerys Targaryen), and House of Cards မှ ဖရန်စစ် အန်ဒါဝုဒ်(Francis Underwood) တို့ရဲ့ပုံစံလေးတွေ ပြင်ဆင်ပေးခဲ့ကြပါတယ်။

ကလေးကို ပြင်ဆင်ပေးတဲ့ မိတ်ကပ်ပညာရှင်ကပြောပါတယ်။ ကလေးလေးက အမြဲပြုံးနေပါတယ်တဲ့၊ ကလေးကို မပြုံးအောင်ထားဖို့ကို တော်တော်ခက်ခဲပါတယ်တဲ့၊ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးလေးပါတဲ့။ အိုလီးဗီးယား(Olivia) လေးရဲ့မျက်လုံးညိုလေးတွေ၊ ချစ်စရာကောင်းတဲ့ မျက်နှာဘေးလေးတွေက စာဖတ်သူတို့ရဲ့ တစ်နေ့တာကို အပြုံးလေးတွေနဲ့ ပျော်ရွှင်စေမှာ သေချာပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။