အမျိုးသမီးများနှင့် အိမ်မွေးတိရိစ္ဆာန်လေးများ

blank

ကျွန်မငယ်တုန်းက အိမ်ဘေးနားမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ သူမက ကြောင်လေးတွေ ၁၅ကောင်နဲ့အတူ နေတယ်လေ။ တကယ် (၁၅)ကောင်ရှိပါတယ်။ သူမတို့မိသားစုဝင်တွေထက်တောင် ကြောင်လေးတွေက ပိုများနေသေးတယ်။ ကျွန်မလည်းငယ်သေးတယ်ဆိုတော့ ရယ်စရာ၊ ပေါကြောင်ကြောင်တစ်ခုလို မြင်ခဲ့တယ်။

ဒါပေမယ့် အခုတော့ ကျွန်မဒီအကြောင်းအရာလေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတစ်ပုဒ် စရေးဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွေးလေးတွေ၊ ကြောင်လေးတွေက ကိုယ့်အတွက် အားကိုးရာခင်တွယ်ရာ တစ်စုံတစ်ယောက်မရှိဘူးဆိုရင် တကယ့်အဖော်ကောင်းလေးတွေပါ။ လေ့လာစမ်းသပ်မှုတွေအရ တစ်ယောက်တည်းနေတတ်တဲ့ အမျိုးသမီးတွေက အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့နေတဲ့ အမျိုးသမီးတွေထက် ပိုပြီးအထီးကျန်ပါတယ်တဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အရင်တုန်းကဆိုရင် ခွေးလေးတွေကြောင်လေးတွေကို အလှမွေးလေ့မရှိကြပါဘူး။ လွန်ခဲ့သော နှစ်ပေါင်း ၄၀လောက်ကစတင်ပြီး ဒီအကောင်လေးတွေက နံပါတ်တစ် အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်လာပါတယ်။ လူတွေကုတင်ပေါ်မှာတူတူအိပ်တယ်၊ အင်္ကျီလေးတွေလည်း ၀တ်ပေးကြတယ်၊ တကယ့်ကလေးလေးတွေလို ဖြစ်နေပါပြီ။

အိမ်မွေးတိရိစ္ဆာန်မွေးရတာ တကယ်တော့ အလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက်တော့ သူတို့လေးတွေဆီက ရတဲ့ကောင်းကျိုးလေးတွေက ပိုပြီးအလေးသာပါတယ်။ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ အများကြီးပေးတယ်လေ။

ကျွန်မတို့တွေက ချစ်တတ်တဲ့နှလုံးသားရှိတဲ့ သက်ရှိတွေပါ။ ကျွန်မတို့ မိသားစုတွေနဲ့ ခွဲခွာရသည်ဖြစ်စေ၊ သားသမီးတွေက ကိုယ်နဲ့ခွဲနေလို့ဖြစ်စေ အိမ်မှာ လူတွေနည်းသွားရင် အထီးကျန်ဆန်ပါတယ်။ ကိုယ့်အိမ်ပတ်ဝန်းကျင်က မိတ်ဆွေတွေကလည်း ကိုယ့်ကို အချိန်အမြဲမပေးနိုင်ပါဘူး။ ကျွန်မတို့တွေအတွက် အဖော်ပြုပေးနိုင်တာကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေပဲ ရှိပါတော့တယ်။

ကျွန်မဖတ်လိုက်မိတဲ့ စစ်တမ်းကောက်တဲ့ ဆောင်းပါးတစ်ခုမှာဆိုရင် အမျိုးသမီး ၂၀၀၀လောက်က သူတို့ ချစ်သူ/ခင်ပွန်းတွေထက် အိမ်မွေးတိရိစ္ဆာန်လေးတွေကို ပိုခင်တွယ်တယ်လို့ တွေ့ရပါတယ်။ ဒီထဲကမှ ၃၉%လောက်က သူတို့အမျိုးသားတွေက သူတို့ကို ဂရုမစိုက်လို့ပါတဲ့။ အံ့သြစရာပါပဲ။

တိရိစ္ဆာန်လေးတွေက လူတွေနဲ့တော့ဘယ်တူပါ့မလဲ။ သူတို့ဆီက ဘာမှ သိပ်မျှော်လင့်မထားတာကြောင့်လဲ သူတို့လေးတွေနဲ့ အဆင်ပြေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေက အရေးပါတာ တကယ်ပါပဲ။ အိမ်ထောင်တစ်ခုမှာ အငြင်းပွားစရာလေးတွေရှိခဲ့ရင် လူတွေကြားကဆက်ဆံရေးလို အပြန်အလှန် အထေ့အငေါ့လေးတွေ၊ ညည်းတွားတာတွေက တိရိစ္ဆာန်လေးတွေမှ မလုပ်တတ်တာ၊ ဒါကြောင့်လည်း သူတို့လေးတွေနဲ့ တူတူနေရတာ ပိုပြီးကြည်နူးစရာလေးတွေ များလာတာပေါ့။

ကျွန်မသူငယ်ချင်းတစ်ယောက်အိမ်မှာ အိမ်ထိန်းအဒေါ်ကြီးတစ်ယောက်ရှိပါတယ်။ အဲဒီအဒေါ်ကြီးက ကျွန်မသူငယ်ချင်းတို့အိမ်မှာ မွေးထားတဲ့ခွေးလေးတွေကြောင့် အိမ်ကိုဘယ်တော့မှ မပြန်ပါဘူး။ ခွေးလေးတွေနဲ့တူတူအိပ်တယ်၊ သူ့ကလေးတွေလိုပဲ ဂရုတစိုက်စောင့်ရှောက်ပြီး အစာတွေလည်း ကိုယ်တိုင်ချက်ကျွေးတယ်တဲ့။ ဒါကိုသိရတော့ ထူးဆန်းနေသလိုပါပဲ၊ ဒါပေမယ့် လက်တွေ့မှာ တကယ်ရှိပါတယ်။ ဒီထက်ပိုပြီး ချစ်တတ်တဲ့လူတွေတောင်ရှိတယ်ဆိုတာ ပရိသတ်ကြီးလည်းကြားဖူးကြမှာပါ။ အိမ်မွေးတိရိစ္ဆာန်လေးတွေက ကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့လေးတွေ အများကြီးပေးနိုင်ကြလို့ အားလုံးလည်း ခင်တွယ်နေရတာပေါ့။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။