သူဌေးကြီး ရသန် တာတာ (Ratan Tata)ပြောတဲ့ စာသင်ကျောင်းက သင်မပေးလိုက်တဲ့ ဘဝသင်ခန်းစာများ

0
1067

၁။ ဘဝရဲ့ နိမ့်တစ်ခါ မြင့်တစ်လှည့်သဘာဝနဲ့ အသားကျအောင် ကြိုးစားပါ။ ဘဝမှာ အကောင်းချည်းပဲ ဖြစ်မလာနိုင်သလို အဆိုးချည်းပဲလည်း ဖြစ်မနေနိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုလောကဓံနဲ့ပဲကြုံကြုံ လိုက်လျောညီထွေဖြစ်အောင်နေသင့်ပါတယ်။

၂။ သင့်ကိုယ်သင် လေးစားမှ သူတစ်ပါးကလည်း သင့်ကိုလေးစားမှာပါ။ သင်အရည်အချင်းရှိကြောင်း သင့်ကိုယ်သင်သက်သေပြနိုင်မှ သင့်အရည်အချင်းတွေကို လူပုံအလယ်မှာ ထုတ်ပြပါ။

၃။ တက္ကသိုလ်ကဘွဲ့တစ်ခုရပြီးတာနဲ့ပဲ အောင်မြင်တဲ့ဘဝကို နေ့ချင်းညချင်းရောက်သွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အောင်မြင်မှုကိုရဖို့ လုံ့လဝီရိယစိုက်ထုတ်ပြီး ခက်ခက်ခဲခဲကြိုးစားရပါတယ်။

၎။ သင့်ရဲ့အတန်းပိုင်ဆရာမက စည်းကမ်းတင်းကြပ်တယ်၊ အရိုက်ကြမ်းတယ်၊ အပေါက်ဆိုးတယ်၊ ကြောက်စရာကောင်းတယ်လို့ ထင်နေမိရင် သင်အနာဂတ်မှာ ကြုံလာနိုင်မယ့် အလုပ်ရှင်သူဌေးက သင့်ဆရာမထက် ပိုဆိုးနိုင်တယ်လို့ သိထားပါ။

၅။ သင့်ရှုံးနိမ့်မှုအတွက် သင့်ကိုယ်သင်အပြစ်မတင်ပါနဲ့။ ရှုံးနိမ့်မှုတွေ၊ အမှားတွေကနေ သင်ခန်းစာယူပြီး အသစ်တစ်ဖန်ကြိုးစားလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သင့်မိဘတွေဆိုတာလည်း တစ်ချိန်တုန်းက သင့်လိုမရင့်ကျက်သေးတဲ့ လူငယ်တွေပါပဲ။ သင့်ကို မွေးဖွားပြီး၊ ပြုစုပျိုးထောင်ပေးပြီးတဲ့နောက်မှ ပိုပြီးတော့ ရင့်ကျက်လာတာပါ။

၇။ နှစ်သိမ့်ဆုတွေဆိုတာ ကျောင်းမှာပဲ ရှိတယ်။ လက်တွေ့ဘဝမှာတော့ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူနှစ်မျိုးပဲ ရှိတယ်။

၈။ လက်တွေ့ဘဝဆိုတာ စာသင်ကျောင်းတွေနဲ့မတူဘူး။ ကျောင်းမှာ တစ်နှစ်ကိုသုံးလပိတ်ပေမဲ့ လက်တွေ့ဘဝမှာ တစ်နှစ်ပတ်လုံး မနားမနေကြိုးစားရတယ်။ ကျောင်းသင်ခန်းစာတွေကို နားလည်အောင် သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရှိပေမဲ့ ဘဝသင်ခန်းစာတွေကိုတော့ ကိုယ့်အားကိုယ်ကိုးပြီး နားလည်အောင် ကြိုးစားရမယ်။

၉။ TV မှာမြင်နေရတဲ့ ဇာတ်လမ်းတွေက တကယ့်လက်တွေ့ဘဝတွေ မဟုတ်ပါဘူး။ လက်တွေ့ဘဝမှာ အလုပ်ကြိုးစားမှုသည်သာပထမ၊ အလုပ်ကြိုးစားမှုသည်သာ ဒုတိယပါ။

၁ဝ။ ပညာရပ်တွေကို အမြဲမပြတ်လေ့လာဆည်းပူးပါ။ သင့်သူငယ်ချင်းမိတ်ဆွေတွေကို မခံချင်အောင် စတာ၊ နောက်တာတွေကို ရှောင်ပါ။ တချိန်ချိန်မှာ သင်က သူတို့လက်အောက်မှာ မဖြစ်မနေ အလုပ်လုပ်ရတာမျိုးတွေ ရှိလာနိုင်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။