ဓမ္မတာလာနေချိန်မှာ ကျန်းမာရေးကောင်းအောင် ဘာတွေစားရမလဲ

0
479

ကျွန်မတို့ အမျိုးသမီးတွေတိုင်းကြုံတွေ့ရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ ကျန်းမာရေးထိခိုက်မှုမရှိအောင်လို့ “အပူအစပ်တွေရှောင်၊ အေးလွန်းတဲ့အစားအစာတွေရှောင်၊ လက်ဖက်မစားနဲ့၊ ချုပ်စာတွေမစားနဲ့” ဆိုပြီး သိတတ်နားလည်သူတွေက မှာကြားကြပါတယ်။ ဒါပေမဲ့ ရာသီကာလအတွင်းမှာ ဘာတွေစားရမယ်လို့တော့ ဘယ်သူမှ သိပ်မပြောကြပါဘူး။ ဒီတစ်ပတ်မှာတော့ ရာသီစက်ဝန်းအတွင်းမှာ စားသောက်သင့်တဲ့အစားအစာတွေနဲ့  ဘာကြောင့်စားသင့်တယ်ဆိုတဲ့အကြောင်းရင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် ရှင်။