နောင်တကို ဗဟိုပြုနေတဲ့ ဥပေက္ခာတရားရဲ့ အကျိုးဆက်

0
799

          တစ်ခါက ကောင်လေးတစ်ယောက်ရယ်၊ သူ့ကို သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရယ် ရှိပါတယ်။ ကောင်မလေးဟာ ကောင်လေးကို သိပ်ချစ်ပြီး မကြာခဏ မက်ဆေ့ခ်ျပို့လေ့ရှိသတဲ့။ ပို့တဲ့ မက်ဆေ့ခ်ျတိုင်းက “မောင့်ကိုချစ်တယ်”၊ “မောင့်ကို လွမ်းတယ်”၊ “ထမင်းစားပြီးပြီလား” ဆိုတဲ့ စကားတွေပဲ အက်ကြောင်းထပ်နေတော့ ကောင်လေးကလည်း မက်ဆေ့ခ်ျဖွင့်ဖတ်ရမှာကို ပျင်းတတ်နေပြီဆိုပဲ။

ဒီလိုနဲ့ တိတ်ဆိတ်နေတဲ့ ညတစ်ညမှာပေါ့။ မက်ဆေ့ခ်ျဝင်လာတဲ့ ringtone သံလေးကြောင့် ကောင်လေးလန့်နိုးလာခဲ့တယ်။ အိပ်စက်ခြင်းတွေကို နှောင့်ယှက်တဲ့ မက်ဆေ့ခ်ျလေးကို ပို့နေကျမက်ဆေ့ခ်ျတွေပဲလို့ ထင်ပြီး ဖွင့်မကြည့်တဲ့အပြင် နောက်တစ်ခါထပ်မနိုးအောင်လို့ ဖုန်းကို silent လုပ်ပြီး ပြန်အိပ်ပျော်သွားခဲ့သတဲ့။

နောက်တစ်နေ့ မနက်နိုးလာတဲ့အချိန်မှာတော့ ကောင်မလေးရဲ့ မိခင်ဖြစ်သူက ကောင်လေးဆီရောက်လာခဲ့ပြီး သူမရဲ့ သမီးဖြစ်သူဟာ မနေ့ညက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပြီး သတ်ခံရတဲ့အကြောင်းပြောရင်း ကျူကျူပါအောင် ငိုနေခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ကောင်လေးလည်း မနေ့ညက ကောင်မလေးပို့တဲ့မက်ဆေ့ခ်ျကို သတိရသွားပြီး ချက်ချင်းဖွင့်ဖတ်ခဲ့ပါတယ်။ မက်ဆေ့ခ်ျမှာ ရေးထားတာက

“မောင်၊ ချစ်ကိုကယ်ပါဦး။ ချစ်နောက်ကို သူစိမ်းတစ်ယောက် နောက်ယောင်ခံလိုက်နေတယ်။ ချစ်အခု မောင်တို့အိမ်နားမှာ။ ခဏထွက်လာပြီး ချစ်ကို လာခေါ်ပါနော်” တဲ့။ ဖုန်းကို ထပ်စစ်ကြည့်တော့ missed call ၂ခု ရှိနေခဲ့တယ်။ အဲဒီအချိန်မှ ကောင်လေးလည်း “ငါသာ ညက မက်ဆေ့ခ်ျကို တစ်စက္ကန့်လောက်အချိန်ပေးပြီး ဖတ်ကြည့်ခဲ့မယ်ဆိုရင်” ဆိုတဲ့ နောင်တတွေရပြီး ယူကျုံးမရဖြစ်နေပါတော့တယ်။

ဒါကြောင့် လောကကြီးမှာ သင့်ကိုချစ်တဲ့သူ၊ သင့်ကိုချစ်တဲ့သူကို ဘယ်သောအခါမှ လျစ်လျူရှုတာ၊ ဥပေက္ခာပြုတာမျိုးမလုပ်ပါနဲ့။ လောကမှာ နောင်တ (၂) မျိုးပဲရှိတယ်။ ပြန်ပြင်လို့ရတဲ့ နောင်တနဲ့ ပြန်ပြင်လို့မရတဲ့နောင်တဆိုပြီးတော့ပေါ့။ ချစ်ရသူကို ဆုံးရှုံးရတယ်ဆိုတာ ကြယ်တွေကို ရေတွက်နေရင်း လမင်းကြီးကို ဆုံးရှုံးလိုက်ရသလို ပြန်ပြင်လို့မရတဲ့နောင်တဖြစ်တာကြောင့် အချိန်ရှိတုန်းမှာ ချစ်ရသူတွေကို အချိန်ပေးပြီး ဂရုစိုက်လိုက်ပါရှင်။

ရင်ထဲမှာ ခံစားချက်တစ်ခုခုဖြစ်ပေါ်ခဲ့တယ်ဆိုရင် SHARE လိုက်ပါ။