နောက်ကျောတက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်မယ့် အိမ်တွင်းဆေးနည်းကောင်းများ

0
102

နည်းလမ်း (၁)- နာကျင်တဲ့နေရာကို ရေနွေးအိတ်နဲ့ ရေခဲအိတ် တစ်လှည့်စီကပ်ပေးပါ။ မိနစ် ၂ဝခန့် အပူအအေးကုထုံး လုပ်ပေးပါက နောက်ကျောတက်ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

နည်းလမ်း (၂)- နောက်ကျောတစ်ဝိုက်ကို အရင်သန့်ရှင်းရေးလုပ်ပါ။ ပြီးရင် အရက်အနည်းငယ်သုတ်လိမ်းပြီး နှိပ်နယ်ပေးဖို့ တစ်စုံတစ်ယောက်ကို အကူအညီတောင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နည်းလမ်း (၃)- နောက်ကျောတက်ခြင်းကို သက်သာစေဖို့ နှိပ်နယ်တဲ့အခါ စန္ဒကူးအဆီလေးကို ထည့်လိမ်းပြီး နှိပ်နယ်ခြင်းက ပိုမိုထိရောက်စေနိုင်ပါတယ်။

နည်းလမ်း (၄)- ညအိပ်တဲ့အခါ ဘေးတစောင်းကွေးပြီး အိပ်တယ်ဆိုရင် ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးအသေးလေးတစ်ခု ထားအိပ်ပါ။ ပက်လက်အိပ်တယ်ဆိုရင်တော့ ဒူးနှစ်ဖက်အောက်မှာ ခေါင်းအုံးခံပြီး အိပ်ပါ။ နောက်ကျောတက်ခြင်းကို ကာကွယ်ပေးမယ့် အိပ်စက်နည်းပုံစံဖြစ်ပါတယ်။

နည်းလမ်း (၅)- အိပ်နေရာကနေ ထတယ်ဆိုရင်လည်း အလျှင်စလို မထပါနဲ့။ အရင်ဆုံး ခန္ဓာကိုယ်ကို ဘေးတစောင်းလှည့်လိုက်ပါ။ ခြေထောက်တွေကို ကုတင်အောက်ကို အရင်ချပြီးမှ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မတ်ပြီး ထိုင်လိုက်ပါ။ ဒီလို စနစ်ကကျ ထခြင်းက နောက်ကျောအောက်ပိုင်းကို ဖိအားလျော့နည်းစေပြီး နာကျင်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ ဆေးနည်းလေးတွေကို တခြားသူတွေအတွက် SHARE ပေးလိုက်ပါနော်။

Leave a Reply