ဓမ္မတာစက်ဝန်းနဲ့ လွဲမှားနေတဲ့အယူအဆများ – ရာသီလာနေတုန်းမှာ အားကစားလုပ်သင့်လား။

0
269

လူအများစုက ရာသီလာစဉ်မှာ ပိုပြီးနာကျင်ကိုက်ခဲတတ်တာကြောင့် အားကစားမလုပ်သင့်ဘူးလို့ ပြောကြပါတယ်။ ဒီအယူအဆဟာမှားပါတယ်။ ရာသီလာစဉ်မှာ အလေးမတာကလွဲပြီး ပေါ့ပါးတဲ့အားကစားလေးတွေ လုပ်နိုင်ပါတယ်။

ရာသီလာစဉ် အားကစားလုပ်ခြင်းကြောင့် ပိုပြီး နာကျင်ကိုက်ခဲတာမျိုးမဖြစ်တဲ့အပြင် ပုံမှန်အားကစားလုပ်တာကြောင့် နာကျင်ကိုက်ခဲမှုတွေကိုပါ သက်သာစေပါတယ်။

လေ့ကျင့်ခန်းမလုပ်နိုင်အောင် ဗိုက်နာနေတယ်ဆိုရင် အကိုက်အခဲပျောက်ဆေးလေး သောက်ပြီး ပေါ့ပါးတဲ့လေ့ကျင့်ခန်းလေးတွေ၊ ပြေးတာတွေ၊ လမ်းလျှောက်တာတွေ၊ ရေကူးတာလေးတွေ လုပ်နိုင်ပါတယ်။

သမိုင်းတစ်လျှောက်မှာဆိုရင် အမျိုးသမီးအားကစားမယ်တွေ အိုလံပစ်ပြိုင်ပွဲဝင်နေတုန်း ရာသီလာတာတောင် အောင်ပွဲရအောင် ယှဉ်ပြိုင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် ဂန္ထဝင်ပျိုမေလေးတွေလည်း အားကစားလုပ်သင့်လား၊ မလုပ်သင့်ဘူးလား တွေဝေမနေနဲ့တော့နော်။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်နိုင်ပါတယ်။

မှတ်သားစရာစာစောင်လေးမို့ သူငယ်ချင်းတွေအတွက်ပါမျှဝေတဲ့အနေနဲ့ SHARE လိုက်ပါဦးနော်။