၂ဝ၁၈ နှင့် သင့်အချစ်ရေးအခြေအနေ

0
125
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင့်ရဲ့အရာရာတိုင်းကို မျှဝေခံစားပေးမယ့် ချစ်သူနဲ့ဆုံဆည်းခွင့်ရမယ့် ၂ဝ၁၈ ဖြစ်ပါတယ်။ အ ရင်းနှီးဆုံးသူတစ်ယောက်အဖြစ် သင့်နံဘေးမှာ ရှိနေခဲ့သူလည်း ဖြစ်နိုင်ပါတယ်။ မျက်နှာမများပါနဲ့။ တ ကယ်ချစ်တဲ့သူကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးပြီး အသာယာဆုံးအချစ်ရေးကို ပိုင်ဆိုင်ဖို့ ပြင်ဆင် ထားလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အွန်လိုင်းပေါ်က အချစ်နဲ့ဆုံဆည်းရကိန်းရှိပါတယ်။ မျှော်လင့်မထားမိတဲ့ ပုံစံမျိုးနဲ့ ဆုံတွေ့ရ တတ်တာကြောင့် တကယ့်ကို ထူးထူးဆန်းဆန်းအချစ်ရေးဖြစ်ပါတယ်။ အတိတ်မှာ ဒဏ်ရာတွေရှိခဲ့ရင် မေ့ပစ်လိုက်ပါ။ အချစ်သစ်၊ ခံစားမှုအသစ်တွေနဲ့ ၂ဝ၁၈ ကို ပျော်ရွှင်စွာ လျှောက်လှမ်းလိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)     
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

        စန်းပွင့်ပြီး ဝိုင်းဝိုင်းလည်နေတာကြောင့် ရွေးချယ်ရခက်နေမယ့် ၂ဝ၁၈ ဖြစ်ပါတယ်။ ဆုံးဖြတ် ချက်တွေကို အလျင်စလိုမချမှတ်ပါနဲ့။ မှားယွင်းတတ်တာကြောင့် ခဏတာ ပျော်ရွှင်ဖို့ထက် ရေရှည် လက်တွဲလို့ရမယ့်သူကို သေချာစဉ်းစားရွေးချယ်ပါ။ အချစ်ရေးမှာ ရင့်ကျက်မှုကို ဦးစားပေးရမယ့် နှစ် ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အခြေအနေကောင်းပါတယ်။ တိတ်တခိုးချစ်သူဆီက ကောင်းတဲ့တုံ့ပြန်မှုလေးတွေကို လက်ခံရ ရှိမယ်။ စိတ်ရှည်သည်းခံခြင်းနဲ့ အချစ်စစ်ကို ပြသလိုက်ပါ။ ဘဝနဲ့ အချစ်ကို မရောထွေးဘဲ လုပ်စရာရှိ တာလုပ်ပါ။ သင်မျှော်လင့်ထားတာထက် အချစ်ရေးပိုအဆင်ပြေမယ့် ၂ဝ၁၈ ဖြစ်ပါတယ်။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အချစ်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားပျော်ရွှင်စရာအချိုးအကွေ့တွေနဲ့ ပြည့်နေတဲ့ ၂ဝ၁၈ ဖြစ်ပါ တယ်။ ကြိုတင်စိတ်ကူးယဉ်ထားတာထက် ပိုပြီး စိတ်ကူးယဉ်ဆန်တဲ့အချစ်ရေးနဲ့ ကြုံတွေ့ရကိန်းမြင် ပါတယ်။ ဒါပေမဲ့ နှလုံးသားနဲ့ဦးနှောက်ကို မျှတစွာယှဉ်တွဲရွေးချယ်ဆုံးဖြတ်ဖို့တော့ လိုပါလိမ့်မယ်။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

သင့်အချစ်ရေးအခြေအနေရဲ့ အကောင်းအဆိုးဟာ သင့်ရွေးချယ်မှုအပေါ်မှာ မူတည်နေတဲ့ ၂ဝ၁၈ ဖြစ်ပါတယ်။ အယုံမလွယ်ပါနဲ့။ ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်ကို ယူပြီး သေချာစဉ်းစားရွေးချယ်ပါ။ သင်မျှော်လင့်ထားတာထက် ပိုပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေး အခြေ အနေကို ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အခင်မင်ဆုံး သူငယ်ချင်းနဲ့ ချစ်သူအဖြစ် ပြောင်းလဲပတ်သက်ရတတ်တဲ့ ၂ဝ၁၈ ဖြစ်ပါတယ်။ သူငယ်ချင်းဘဝနဲ့နားလည်မှုတွေရှိနှင့်ပြီးသားဖြစ်တဲ့အတွက် သင်မျှော်လင့်ထားတာထက် အဆင်ပြေ ချောမွေ့တဲ့ အချစ်ရေးကို ပိုင်ဆိုင်ရမှာပါ။ ဘေးစကားတွေကို နားမယောင်ဘဲ နှလုံးသားထဲက အသံ ကိုသာ နားထောင်လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

လူတကာအားကျတဲ့အချစ်ရေးကို ပိုင်ဆိုင်ခွင့်ရမယ့် ၂ဝ၁၈ ဖြစ်ပါတယ်။ အလိုလိုက် အလျှော့ ပေးတတ်တဲ့ချစ်သူကြောင့် စိတ်ချမ်းသာရမယ်။ ပျော်ရွှင်စရာခရီးလေးတွေ အတူထွက်ရမယ်။ နှစ်ဖက် မိသားစုနဲ့ပါ အဆင်ပြေတာမို့ သင့်အတွက်တော့ ကံအကောင်းဆုံး ၂ဝ၁၈ ပါပဲ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ       

အပြောင်းအလဲတွေနဲ့ အဆိုးတရားတွေ ကုန်ဆုံးမယ့် ၂ဝ၁၈ ဖြစ်ပါတယ်။ နားလည်မှုလေးတွေ လွဲနေတဲ့ချစ်သူနဲ့ နားလည်မှုတွေအများကြီးတည်ဆောက်နိုင်မယ်။ ချစ်သူဘက်က မိသားစုနဲ့ပတ် သက်ပြီး သင့်အတွက် စိတ်ချမ်းသာစရာလေးတွေ ရရှိမယ်။ စိတ်စေတနာမမှန်တဲ့သူတွေကို သင်တို့ နှစ်ဦးကြားကနေ ဖယ်ထုတ်ထားဖို့တော့ လိုပါလိမ့်မယ်။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင့်လိုပဲ သစ္စာတရားကို တန်ဖိုးထားတတ်သူနဲ့ ဆုံဆည်းရမယ့် ၂ဝ၁၈ ဖြစ်ပါတယ်။ နှစ် ယောက်လုံးက အလေးအနက်သမားတွေမို့ တစ်ခါတရံမှာ ကတောက်ကဆလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ပိုကောင်းတဲ့အချစ်ရေးဆီ ဦးတည်မယ့်လက္ခဏာရပ်လေးတွေမို့ နားလည်မှုတွေ ပိုရှိပေး လိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )    
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

        သဝန်တိုပြီး ချုပ်ချယ်တတ်ပေမဲ့ သင့်ကိုစိတ်ချမ်းသာအောင်ထားမယ့် ချစ်သူကောင်းနဲ့ ဆုံ ဆည်းရမယ့် ၂ဝ၁၈ ပါ။ နှစ်ဦးသားကြားကွဲလွဲချက်လေးတွေရှိနေရင်တောင် စိတ်ရှည်လက်ရှည်ညှိ နှိုင်းပါ။ နှစ်ဦးသားအဆင်ပြေရုံသာမက နှစ်ဖက်မိသားစုနဲ့အဆင်ပြေတဲ့အထိပါ ခရီးရောက်မယ့် ၂ဝ၁၈ ဖြစ်ပါတယ်။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        အချစ်ရေးမှာ အချိုးအကွေ့တွေ၊ အပြောင်းအလဲသစ်တွေနဲ့ စိတ်လှုပ်ရှားရင်ခုန်နေရမယ့် ၂ဝ၁၈ ဖြစ်ပါတယ်။ အွန်လိုင်းအချစ်တွေကို အယုံမလွယ်ဘဲ အနီးအနားက အချစ်စစ်ကို မြင် အောင်ကြည့်ပါ။ သင့်အပေါ် စစ်မှန်စွာစောင့်ဆိုင်းနေတဲ့အချစ်စစ်ကို ရွေးချယ်လိုက်ပါ။

ဂန္ထဝင်စာချစ်သူများအားလုံးအတွက် အပျော်ရွှင်ဆုံးအချစ်ရေးကို ပိုင်ဆိုင်နိုင်မယ့် ၂ဝ၁၈ ဖြစ်ပါစေ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။

Leave a Reply