လူ့တစ်ဦးရဲ့ အမှားတစ်ခုကို အပြစ်မတင်ခင် နောက်ကွယ်က အကြောင်းတရားကို အရင်သိပါစေ။

0
45

ခင်များတော့ အဲဒီနေ့ကို မှတ်မိချင်မှ မှတ်မိမယ်။ ကျွန်တော် အဲဒီနေ့က မီးပွိုင့်မှာ တုန့်နှေးတုန့်နှေး ကူးမိလို့ ခင်များ မီးနီ မိကျန်ခဲ့တာလေ။ ခင်များကျွန်တော့ကို စိတ်တိုပြီး ဟွန်းအကျယ်ကြီး တီးလိုက်တာ ကျွန်တော် သတိထားမိလိုက်ပါတယ်။ ကျွန်တော် အခု ခင်များကို အဲလိုဖြစ်သွားရတဲ့ အကြောင်း လေး ပြောပြချင်လို့ပါ။ တောင်းပန်ချင်လို့ပါ။

အဲဒီနေ့က ကျွန်တော် ဆေးစစ်ထားတဲ့ အဖြေယူပြီး ဆေးခန်းက ပြန်လာတာလေ။ ကျွန်တော့မှာလေ ကျွန်တော့မှာ ကင်ဆာရှိနေပြီတဲ့။ ကျွန်တော့် မိန်းမနဲ့ ကလေးတွေကို ဘယ်လိုပြောပြရမလဲ စဉ်းစားရင်း နောက်မှာ ရှိတဲ့ သူကို ဂရုမစိုက်မိဘူး ဖြစ်သွားလို့ပါ။ ပြီးတော့ အဲဒီအချိန် ကျွန်တော့ မျက်ရည်တွေကျနေခဲ့တော့ ဝေဝါးပြီး မီးစိမ်းသွားတာ မတွေ့လိုက်ဘူး ဖြစ်သွားလို့ပါ။ ခင်များမှာလည်း အရေးတကြီး ကိစ္စရှိနေနိုင်တာကို မတွေးမိဘူး ဖြစ်သွားတယ်။ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်ဗျာ။

……………………………………xxxxxxxx……………………………………….

ဟုတ်ပါတယ်။ ကျွန်မ ခင်များကို တောင်းပန်ချင်လို့ပါ။ ကျွန်မနဲ့ ရှင် ဈေးဝယ်ရင်း စူပါ မားကတ်တစ်ခုမှာ ဆုံခဲ့ကြတာလေ။ အဲဒီနေ့က ကျွန်မက ဈေးခြင်းတောင်း အပြည့်နဲ့ ရှင့်လက်ထဲမှာက ပစ္စည်း (၁ဝ) မျိုး လောက်ပဲ ပါတာလေ။ အမှန်ဆို ရှင့်ကို ငွေရှင်းဖို့ အရင် အလှည့်ပေးခဲ့သင့်တာပါ။ ရှင့် ပစ္စည်းက နည်နည်းလေးဆိုခဏနဲ့ ပြီးသွားမှာ။ ဒါပေမယ့် ကျွန်မကို အကြာကြီး စောင့်ခဲ့လိုက်ရတယ်။

တစ်ကယ်တော့ ကျွန်မ ကိုယ်တိုင်လည်း အဲဒီနေ့က စိတ်တွေအရမ်းလောနေခဲ့လို့ပါ။ ကျွန်မသမီးလေး အိမ်က ထွက်သွားတာလေ။ သူက အခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ။ အရင်ကဆို ကျွန်မသမီးလေးက သိပ်လိမ္မာတာ။ အခုတစ်လော အပေါင်းအသင်းတွေမှားပြီး ဆေးတွေလည်း ချတတ်နေပြီ။ အသောက်အစားလည်း လုပ်တတ်နေပြီ။ ကျွန်မ အဲဒီအကြောင်းတွေးပြီး အရမ်းစိတ်မကောင်းဖြစ်နေလို့ပါ။ ကျွန်မသမီးလေး အတွက် အရမ်းစိတ်ပူနေမိတာမို့ ကျွန်မကို နားလည်ပေးဖို့ တောင်းပန်ချင်တာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

……………………………………xxxxxxxx……………………………………….

ကျွန်တော်ကို မှတ်မိမလားမသိဘူး။ အရင်တစ်ပတ်က ခင်များတို့ စတိုးဆိုင်လေးမှာ ကျွန်တော် ဈေးလာဝယ်ဖူးတယ်လေ။ အဲဒီတုန်းက ကျွန်တော် ခင်များကို ကောင်းကောင်း မဆက်ဆံမိခဲ့ဘူး။ ဘာမှ မဟုတ်တဲ့ ကိစ္စလေးနဲ့ ပြဿနာရှာခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်မှာလည်း ကျွန်တော့် အပူနဲ့ ကျွန်တော်မို့ပါ။ အဲဒီနေ့မတိုင်ခင်က မှ ကျွန်တော် ခရီးက ပြန်ရောက်တယ်။ မောမောနဲ့ အိမ်လည်းရောက်ရော ကျွန်တော့်မိန်းမ ကျွန်တော့်ကို ချန်ရစ်ပြီး အိမ်ကနေထွက်သွားတာ သိလိုက်ရတယ်။ ကျွန်တော် အဲဒီတစ်လောက စိတ်နဲ့လူနဲ့ လုံးဝမကပ်ဘူးဖြစ်သွားတယ်။ ဒါကြောင့်လည်း ခင်များကို ရိုင်းပျစွာ ဆက်ဆံမိသွားတာပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ။

အထက်ပါ အဖြစ်အပျက်လေးတွေက ယူတတ်မယ်ဆို တစ်ကယ်ကို သင်ခန်းစာယူလို့ ရတဲ့ အဖြစ်အပျက်လေးတွေပါပဲ။ လူတိုင်းမှာ သူ့အခက်အခဲလေးတွေနဲ့ သူရှိနေတတ်ကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးကိုတစ်ဦး မလေးမစား ပြုမူဆက်ဆံမိတာမျိုး၊ စိတ်အနှောင့်အယှက် ဖြစ်စေတာမျိုးလေးတွေ ပြုလုပ်တတ်ကြတာ သဘာဝပါ။ ဒါကို သည်းမခံနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ခွင့်မလွှတ်နိုင် ဖြစ်နေမယ်ဆိုရင်တော့ အကျည်းတန်တဲ့ သာယာပျော်ရွှင်စရာ မကောင်းတဲ့ ကမ္ဘာတစ်ခုကိုပဲ ဦးတည်သွားပါလိမ့်မယ်။

ဒါကြောင့် ကိုယ်သည်းမခံနိုင်စရာ ကိစ္စရပ်တစ်ခု ကြုံလာပြီဆို အချိန်အနည်းငယ်ယူပြီး သူ့မှာလည်း အခြား စိတ်ရှုပ်စရာတစ်ခုခု ရှိနေလို့နေမှာပါဆိုပြီး ကိုယ်ချင်းစာပေးလိုက်ပါ။ သည်းခံခွင့်လွှတ်ခြင်းက အရာအားလုံးကို အောင်နိုင်စေမှာပါ။

Leave a Reply