၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇူလိုင် ၂၆ မှ သြဂုတ် ၂ ရက်နေ့အထိ)

0
1041
၁။ မိဿ      ရာသီဖွား (Aries)
မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

သင့်အတွက် အခုအချိန်ဟာ ကံကြမ္မာရဲ့ လှည့်စားမှုတွေကို ခံရတော့မယ့် အချိန်ဖြစ်နေပါတယ်။ ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့ အငြင်းပွားရတတ်ပါတယ်။ ဒီအချိန်မှာ အငြင်းပွားတာက နှစ်ဖက်လုံးအတွက် အကျိုးယုတ်ဖို့ပဲ ရှိတာကြောင့် တတ်နိုင်သမျှ စိတ်ကိုထိန်းချုပ်ထားပါ။ ဒီတစ်ပတ်အတွင်း နားအေးပါးအေးနဲ့ တစ်ယောက်တည်း အချိန်ဖြုန်းတာက သင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။

ယတြာ – အနီရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကဲ… ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း SHARE လိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus)

ဧပရယ် (၂ဝ) မှ မေလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကိုယ့်စိတ်ထဲက အရမ်းမျှော်လင့်ထားရတဲ့ တစ်စုံတစ်ယောက်နဲ့ လွဲချော်သွားလို့ စိတ်ညစ်နေတတ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ သင်မျှော်လင့်နေတဲ့သူက တစ်နည်းနည်းနဲ့ သင့်ဆီပြန်ရောက်လာမှာပါ။ သူတို့မှာ အခြားအရေးကြီးစရာ ကိစ္စလေးတွေ ရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ အလုပ်ခွင်မှာတော့ သင် အမှားအယွင်းလေးတွေ ကြုံတွေ့ရတတ်တာမို့ သတိလေးကပ်ပြီး အကြိမ်ကြိမ် စစ်ဆေးလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ – ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အဖြူရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။

ပြိဿရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ SHARE ဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်း မွေးဖွားသူများ

သင့်အတွက် အခုအချိန်ဟာ ဘဝရဲ့ အလွတ်လပ်အပျော်ပါးဆုံး အချိန်လို့တောင် သတ်မှတ်လို့ ရတဲ့ ကာလဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူပျော်ရွှင်တဲ့ အချိန်လေးတွေ ဖြတ်သန်းရင်း ကိုယ့်ဘဝကို ကူညီထောက်ပံ့ပေးမယ့် မိတ်ဆွေမျိုး ရလာတတ်ပါတယ်။

ယတြာ – အစိမ်းနုရောင်အသုံးအဆောင် တစ်ခုခုကို ဆောင်ထားပါ။

မေထုန်ရာသီဖွား သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

အပျော် ခရီးတစ်ခု သွားရတတ်ပါတယ်။ အဲဒီခရီးမှာ ငွေတွေ ရက်ရက်ရောရော သုံးဖြစ်မှာမို့ အခုကတည်းက တတ်နိုင်သမျှ အသုံးအစွဲ စီစစ်ဖို့လိုအပ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ရင်တော့ အားလုံး အဆင်ပြေချောမွေ့နေမယ့် ကာလဖြစ်ပါတယ်။ သင်ချစ်သလောက် သင့်အပေါ် ပြန်လည် မေတ္တာထားနိုင်မယ့်သူမျိုးနဲ့ ဆုံတွေ့ရကိန်းရှိပါတယ်။

ယတြာ – အရာရာ အဆင်ပြေစေဖို့ ငွေရောင်နဲ့ အဖြူရောင်လေးတွေပါဝင်တဲ့ အသုံးအဆောင် တစ်ခုခုကို ဆောင်ထားပါ။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သူငယ်ချင်း မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ပဋိပက္ခလေးတွေ ဖြစ်တတ်ပါတယ်။ ပြဿနာကို ရှိတာထက်ပိုမကြီးသွားဖို့ အထူးဂရုစိုက်သင့်ပါတယ်။ အခုအချိန်မှာ တတ်နိုင်သမျှ တစ်ယောက်တည်းနေတာ အကောင်းဆုံးဖြစ်မှာပါ။ အကယ်၍ အပေါင်းအသင်းတွေနဲ့ အတူရှိမှဖြစ်မယ်ဆိုရင်တော့ ပြဿနာမဖြစ်အောင် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။

ယတြာ – သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ရွှေရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။

အခင်မင်ဆုံး သူငယ်ချင်းတွေကို comment box မှာ tag လိုက်ပါ။

၆။ ကံရာသီဖွား (Virgo)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအတွက် စနစ်တကျ အစီအစဉ်ချပြီး လုပ်သင့်တဲ့ကာလဖြစ်ပါတယ်။ မဟုတ်ရင်တော့ လုပ်စရာတွေကများပြီး ဘာကိုမှ မယ်မယ်ရရ လုပ်ဆောင်နိုင်မှာ မဟုတ်ဘဲ ဖြစ်သွားပါလိမ့်မယ်။ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခလေးတွေ ကြုံရကိန်းရှိပါတယ်။ ကိုယ်မှန်နေရင်တောင် ဘာမှ ပြောလို့မရတာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့် အငြင်းပွားစရာ ကိစ္စတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ယတြာ- အစိမ်းရင့်ရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တစ်ချိန်က ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုခုကြောင့် ဒုက္ခရောက်ရကိန်း ရှိပါတယ်။ သို့ပေမယ့် အရမ်းကြီးစိုးရိမ်ဖို့ မလိုအပ်ပါဘူး။ စိတ်ကို တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးလေးထားပြီး ကိုယ်တတ်နိုင်သလောက် ဖြေရှင်းလိုက်ပါ။ အရာအားလုံး အဆင်ပြေသွာမှာပါ။

ယတြာ – ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ စိမ်းပြာရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။

စာစောင်ရဲ့ comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ဖို့ မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကိုယ့်ချစ်သူ ဒါမှမဟုတ် အပေါင်းအသင်းတစ်ယောက်ယောက်က ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လာတာမျိုး ကြုံတွေ့ရပါလိမ့်မယ်။ စိတ်ကို အတတ်နိုင်ဆုံး လျှော့ထားလိုက်ပါ။ ပြီးရင်တော့ သူတို့ကို အတတ်နိုင်ဆုံး အကောင်းဘက်က တုန့်ပြန်လိုက်ပါ။ ပညာရေးနဲ့ပတ်သက်ပြီး သင့်ရဲ့ လေ့လာအားတွေကို အရှိန်အဟုန်မြှင့်ရတော့မယ့် အချိန်ရောက်နေပါပြီ။ ငွေပေးရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ အယူအဆကို ခေါင်းထဲက ထုတ်လိုက်ပါ။

ယတြာ – လိမ္မော်ရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း SHARE ဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂) မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကိုယ် လက်လွှတ်ဆုံးရှုံးလိုက်ရပြီလို့ ထင်တဲ့ အခွင့်အရေးတွေ နောက်တစ်ခါ ပြန်ရောက်လာပါလိမ့်မယ်။ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရတဲ့အခါ ရာသီဖွားတွေရဲ့ အကြံညဏ်ကို ရယူလိုက်ပါ။ သင်လုပ်ဆောင်နိုင်တာထက် အများကြီး ပိုအကျိုးရှိအောင် ကူညီပေးနိုင်မှာ ဖြစ်လို့ အပြည့်အဝ ယုံကြည်လိုက်ပါ။

ယတြာ – အဝါရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ အရာရာ ပြေစေပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်တယ်ဆိုရင် သူငယ်ချင်းတွေ အတွက်လည်း SHARE ဖို့ မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

အရင်က ပေါင်းသင်းခဲ့တဲ့ မိတ်ဆွေဟောင်းတွေ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ရောက်လာပါလိမ့်မယ်။ သူတို့တွေက သင့်အတွက် ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးပေးလာပါလိမ့်မယ်။ ကိုယ့်အနီးပတ်ဝန်းကျင်က လူအချို့ ဒုက္ခရောက်လို့ ငြီးငြူနေတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါပေမယ့် “ခြေနှစ်ချောင်းနဲ့ နားရွက်တို မသနားနဲ့ “ ဆိုသလို သူများကိစ္စထဲဝင်ပါမိလို့ ကိုယ်တိုင်ဒုက္ခရောက်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။

ယတြာ – ခရမ်းရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

စာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ (၅) ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။
၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

အလုပ်မှာ ကိုယ်မျှော်မှန်းထားသလောက် ရလာဒ်မထွက်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ အတတ်နိုင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အာရုံစူးစိုက်လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့်တာဝန်ကိုယ်တောင် မယူနိုင်ဘူးဆိုပြီး အထက်လူကြီးတွေရဲ့ အပြစ်တင် ကြိမ်းမောင်းတာတွေ ခံလာရပါလိမ့်မယ်။

ယတြာ – မီးခိုးရောင် သို့မဟုတ် အမဲရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ အရာရာ အဆင်ပြေပါလိမ့်မယ်။

ကုံရာသီဖွား သူငယ်ချင်းတွေအတွက်လည်း စာစောင်ကို SHARE ဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

အချိန်အား လူအားတွေ စိုက်ထုတ်ပြီး စိတ်ရှည်ရှည်လုပ်ဆောင်ရမယ့် ကိစ္စတွေကို အလျှင်စလို လုပ်ဆောင်မိနေတယ်။ အချိန်ယူလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေအတွက် အချိန်ယူပြီးလုပ်ဆောင်လိုက်ပါ။ မဟုတ်ရင်တော့ ကိုယ်မျှော်လင့်ထားတဲ့ ရလာဒ်တွေက သဲထဲရေသွန်သလို ဖြစ်သွားပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ တွေ့ဆုံပွဲတွေ ရွှေ့ဆိုင်းရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုရွှေ့ဆိုင်းလိုက်ရတာ ကောင်းတဲ့အလားအလာတစ်ခုပါ။ အဲဒီပွဲမှာ မထင်မှတ်ဘဲ ကိုယ့်ကို အကျိုးပြုမယ့် မိတ်ဆွေတွေ ရလာတတ်ပါတယ်။

ယတြာ – အဝါရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆိုရင် သူငယ်ချင်းတွေ အတွက်လည်း စာစောင်ကို SHARE ဖို့ မမေ့နဲ့နော်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။