နားကြပ်လေးတွေ တူတူသုံးကြတာ အန္တရာယ်ကင်းရဲ့လား။

0
699

ကိုယ့်သူငယ်ချင်းက နားကြပ်အိမ်မှာ ကျန်ခဲ့လို့ ကိုယ့်နားကြပ်ငှားသုံးတယ် ဆိုပါစို့။ ဒါပေမယ့် နားထဲထည့်သုံးရတဲ့ နားကြပ်လေးတွေက တူတူမျှဝေသုံးစွဲဖို့ အန္တရာယ်ကင်းရဲ့လား။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီမေးခွန်းအတွက် ဂန္တဝင်က အဖြေကို ဖော်ပြပေးပါမယ်။

လက်ဆွဲနှုတ်ဆက်တာတို့၊ အနမ်းပေးတာတို့နဲ့ အခြေအနေတူတူပါပဲ။ ကိုယ့်သူငယ်ချင်း နားထဲမှာ ကူးစက်ပိုးရှိနေမယ်ဆိုရင် (နားနာတာတို့၊ နားပြည်ယိုတာတို့ပေါ့) နားဖာချေးကနေတဆင့် ကိုယ့်နားထဲကို ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။ ဒါကို နား၊နှာခေါင်း အထူးကု ဒေါက်တာ မာ့က် အဲရာ (Dr Marc Error) ကပြောကြားသွားပါတယ်။ ဒါကြောင့် သီချင်းတွေအပြင် တခြားပိုးမွှားတွေပါ မမျှဝေချင်ဘူးဆိုရင်တော့ ကိုယ့်နားကြပ်ကို သုံးတာအကောင်းဆုံးပါပဲ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊