လူတွေရဲ့ယုံကြည်မှုအလွဲလေးတွေနဲ့ သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အမှန်များ

Beautiful Business Woman reading paper on grey background
၁။ သစ်သားနဲ့ပြုလုပ်ထားတဲ့စင်းတီတုံးတွေမှာ ဘက်တီးရီးယားတွေ စုပုံနေတယ်ဆိုတာ မမှန်ပါဘူး။

စင်းတီတုံးကို သန့်သန့်ရှင်းရှင်းဆေးကြောပေးရင် အသုံးပြုလို့ရပါတယ်။

၂။ ဆားထည့်ထားတဲ့ရေက ပိုအဆူမြန်တယ်ဆိုတာ မမှန်ပါဘူး။

ဓာတုဗေဒနည်းအရ ဆားဘယ်လောက်ထည့်ထည့် ရေဆူမှတ်ကို ပြောင်းလဲပစ်လို့မရပါဘူး။

၃။ ကြက်ဥက ကိုယ်လက်စထရောအဆင့်ကို မြင့်တက်စေတယ်ဆိုတာ မမှန်ပါဘူး။

ကိုယ်လက်စထရောအဆင့်ဟာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီတွေနဲ့သာ သက်ဆိုင်ပါတယ်။ ကြက်ဥတွေမှာ အင်တီအောက်ဆီဒင့်တွေပါဝင်ပြီး အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

၎။ ဒန်အိုးတွေဟာ အယ်လ်ဇိုင်းမား (Alzheime) ရောဂါဖြစ်ပွားစေတဲ့ အဆိပ်အတောက်တွေကို ထုတ် လွှတ်ပေးတယ်ဆိုတာ မမှန်ပါဘူး

ဒန်အိုးတွေက ကျောက်ကပ်ကိုသာဖြစ်ပွားစေတာပါ။

၅။ ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအင်တွေပေးတယ်ဆိုတာ မမှန်ပါဘူး။

အချိုဓာတ်ဟာ ခဏအားဖြင့် လူကို လန်းဆန်းတက်ကြွစေတာဖြစ်ပါတယ်။

၆။ ဆီကြော်စာတွေက နှလုံးရောဂါကိုဖြစ်ပွားစေတယ်ဆိုတာ မမှန်ပါဘူး။

သိပ္ပံပညာရှင်တွေအနေနဲ့ ဆီကြော်စာနဲ့နှလုံးရောဂါဖြစ်ပွားမှုကြားက ဆက်စပ်မှုကို အခုထိ ရှာမတွေ့သေးပါဘူး။

၇။ အစားကို တစ်ခါနည်းနည်းနဲ့မကြာခဏစားပေးသင့်တယ်ဆိုတာ မမှန်ပါဘူး။

အစားလျှော့ရုံနဲ့ ပိုလျှံပြီးသားကိုယ်အလေးချိန်တွေကို လျော့ကျအောင် မစွမ်းဆောင်နိုင်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။  ဗီတာမင် C က အအေးမိနှာစေးခြင်းကနေ ကာကွယ်ပေးတယ်ဆိုတာ မမှန်ပါဘူး။

အဲ့ဒီအချက်အလက်ကို သိပ္ပံပညာမှာ ရှာတွေ့ထားတာမရှိသေးပါဘူး။

၉။ ကော်ဖီက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ မမှန်ပါဘူး။

ကော်ဖီကြိုက်သူတွေဟာ ကော်ဖီမကြိုက်သူတွေထက် နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၂၅% လျော့နည်းပါတယ်။

၁ဝ။ မုန်လာဥနီကို အစိမ်းစားတာက အကောင်းဆုံးပဲဆိုတာ မမှန်ပါဘူး။

တကယ်တော့ ချက်စားတာက ကျန်းမာရေးနဲ့ပိုညီညွှတ်ပါတယ်။

၁၁။ ကြက်အရေခွံကိုဖယ်ပြီးစားတာက ကယ်လိုရီတွေကို နည်းစေတယ်ဆိုတာ မမှန်ပါဘူး။

တကယ်တော့ ကြက်ကြော်ပဲဖြစ်ဖြစ်၊ ကြက်ကင်ပဲဖြစ်ဖြစ် အရေခွံပါထည့်စားတာက ပိုပြီး အရည်ရွှမ်းစေရုံပါ။

၁၂။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့ဖျော်ရည်တွေကိုသောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ မမှန်ပါဘူး။

တကယ်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့ဖျော်ရည်တွေက အရသာနဲ့ပြည့်စုံပြီးသောက်သုံးသင့်တဲ့ ဖျော်ရည်တွေပါ။

၁၃။ အစပ်တွေက အနာဖြစ်စေတယ်ဆိုတာ မမှန်ပါဘူး။

အစပ်တွေက သက်တောင့်သက်သာမရှိတဲ့ခံစားမှုကိုသာဖြစ်ပေါ်စေတာပါ။

၁၄။ အယ်လ်ကိုဟောက ဦးနှောက်ဆဲလ်တွေကို သတ်ပစ်နိုင်တယ်ဆိုတာ မမှန်ပါဘူး။

တကယ်တော့ အရက်အလွန်အကျွံသောက်တဲ့သူတွေနဲ့ လုံးဝမသောက်တဲ့လူတွေမှာရှိတဲ့ ဦးနှောက်ဆဲလ်အရေအတွက်ချင်းက အတူတူပါပဲ။

သိမှတ်သင့်တဲ့ဗဟုသုတလေးတွေကို သင်ချစ်ခင်ရသူတွေအတွက်လည်း Share ပေးလိုက်ပါဦးနော်။

SOURCEbrightside
SHARE