ငွေကြေးချမ်းသာသူများအတွက် စိတ်လည်းချမ်းသာစေမယ့်နည်းလမ်း ၄-ခု

blank
၁။ အလုပ်လောဘကို လျှော့ချပါ။

ဘဝဆိုတာ အမြဲရုန်းကန်ကြိုးစားနေရတယ်ဆိုပေမဲ့ ပြည့်စုံနေပြီဖြစ်တဲ့ဘဝမှာ လောဘကို လျှော့ချတာ ကောင်းပါတယ်။ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ သေချာအာရုံစိုက်လုပ်ကိုင်ခြင်းက အောင် မြင်မှုကို ပိုတည်မြဲစေပါတယ်။ ဒါက လောကကြီးကို ပိုမိုကောင်းမွန်စွာ ရှုမြင်လာစေနိုင်သလို ပျော်ရွှင် ခြင်းကိုလည်း ရှာတွေ့မှာဖြစ်ပါတယ်။

၂။ လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝလေးကို ကျေးဇူးတင်ပါ။

နေ့စဉ်နဲ့အမျှ အပြောင်းအလဲသစ်တွေနဲ့ ရှေ့ဆက်နေတဲ့ ကမ္ဘာကြီးမှာ အရာရာက မတည်မြဲတဲ့ အခိုက်အတန့်တွေပဲဖြစ်ပါတယ်။ ပြည့်စုံကြွယ်ဝမှုတွေနောက်ကိုသာ အမြဲလိုက်နေမယ်ဆိုရင် အလို ဆန္ဒတွေသာ ပိုမိုများပြားလာမှာပါ။ လက်ရှိပိုင်ဆိုင်ခွင့်ရထားတဲ့ဘဝကို ကျေးဇူးတင်တတ်တဲ့စိတ်မွေး ခြင်းက မှန်ကန်တဲ့အတွေးအခေါ်နဲ့ ရှေ့ဆက်ဖို့စွမ်းအားတွေကို ဖြစ်ပေါ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။

ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ တခြားသူတွေနဲ့ပဲ နှိုင်းယှဉ်နေမယ်ဆိုရင် ကိုယ့်ရဲ့လစ်ဟင်းမှုတွေ ကိုသာ အပြစ်မြင်နေတော့မှာပါ။ လောကကြီးမှာ နေမင်းလည်း သူ့အလင်းနဲ့သူ၊ လမင်းလည်း သူ့အ ဆင်းနဲ့သူမို့ နှိုင်းယှဉ်နေခြင်းဖြင့် ပျော်ရွှင်မှုမရနိုင်ပါ။ လူတိုင်းရဲ့ဘဝမှာလည်း မတူညီတဲ့ အတိုက် အ ခိုက်တွေ၊ အခက်အခဲတွေ ကိုယ်စီနဲ့မို့ ငေးမောအားကျနေမယ့်အစား ကိုယ့်အလုပ်သာ ကိုယ်လုပ်သင့် ပါတယ်။

၎။ ရှုထောင့်အမြင်တွေကို ပြင်ဆင်ပါ။

လောကကြီးမှာ သူ့နေရာနဲ့သူ အခက်အခဲတွေ ကျော်ဖြတ်ရပါတယ်။ ပြီးပြည့်စုံသွားတဲ့ အောင် မြင်မှုဆိုတာလည်း မရှိပါဘူး။ ဒါကြောင့် ဘဝမှာ နေပျော်ဖို့ဆိုရင် အစွန်းမရောက်ဘဲ သမာ သမတ်ကျ တဲ့အမြင်နဲ့ ရှေ့ဆက်နေဖို့ အရေးကြီးပါတယ်။ အောင်မြင်မှုအတွက် ပျော်ရွှင်ပါ။ ဒါပေမဲ့ အခက်အခဲ တွေအတွက်လည်း ကြိုတင်တွေးတောပြင်ဆင်ထားသင့်ပါတယ်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။