နည်းပညာတိုးတက်လာမှုနဲ့ပတ်သက်ပြီး မိဘတွေ သိထားသင့်တဲ့ လမ်းညွှန်ချက်များ

blank

နည်းပညာတွေတိုးတက်လာတဲ့ခေတ်မှာ ကလေးတွေအတွက် online ကနေကော offline ကနေပါ သင်ကြားနိုင်ခြင်းက ကောင်းတဲ့အချက်တစ်ခုလို့ ယူဆလို့ရပါတယ်။ ဒီတစ်ပတ်မှာတော့ နည်းပညာတိုးတက်မှုကို ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်စွာ အသုံးချနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ တင်ဆက်ပေးပါရစေရှင်။

၁။ ကလေးတွေကို ဖုန်းတွေ၊ ကွန်ပျူတာတွေမသုံးဖို့ တားမြစ်မယ့်အစား သင်ကြားရေးပစ္စည်းတစ်ခုအဖြစ် အကျိုးရှိရှိအသုံးချပါ။ Tablet တွေ၊ ipad တွေကနေတဆင့် စာဖတ်ပြတာမျိုး၊ ဉာဏ်ရည်မြင့်မားစေတဲ့ IQ ဂိမ်းတွေဆော့ခိုင်းတာမျိုး ပြုလုပ်ပါ။

၂။ အင်တာနက်သုံးဖို့ အချိန်ကန့်သတ်တာထက် ဘာတွေကိုလေ့လာသင့်တယ်ဆိုတာကို ဦးစားပေးပြီးသတ်မှတ်ပါ။ ပညာရေးနဲ့ ဘဝတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရာတွေကို အချိန်ပေးပြီးလေ့လာခိုင်းပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ကစားဖို့ အချိန်တစ်ခုသတ်မှတ်ပေးသလို အိမ်ပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားဆော့ကစားဖို့အတွက်လည်း အချိန်သတ်မှတ်ပေးပါ။ မိဘတွေဆိုတာ ကလေးတွေရဲ့ စံပြဖြစ်တာကြောင့် မိဘတွေကိုယ်တိုင်ကလည်း တစ်ချိန်လုံးဖုန်းသုံးနေတာမျိုးမလုပ်ဘဲ ကလေး တွေနဲ့အတူဆော့ကစားပါ။

၎။ လူမှုကွန်ယက်တွေက ဆယ်ကျော်သက်တွေအတွက် ကောင်းကျိုးဖြစ်စေတာမျိုးလည်း ရှိတတ်တာကြောင့် ဆယ်ကျော်သက်ကလေးတွေကို အွန်လိုင်းသုံးခွင့်ပေးလိုက်ပါ။ ဒါပေမဲ့ သူတို့လေး တွေကို အွန်လိုင်းနဲ့ တကယ့်ဘဝရဲ့ ခြားနားချက်တွေကို ပြောပြထားပါ။ အွန်လိုင်းပေါ်က ရလာနိုင်တဲ့ ဆိုးကျိုးတွေကို အသိပေးပါ။ သူတို့ အွန်လိုင်းပေါ်မှာ ဘယ်သူတွေနဲ့ ဆက်သွယ်နေတယ်ဆိုတာကို လည်း သိနိုင်အောင်ကြိုးစားပါ။

နည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ မိဘတွေအနေနဲ့လည်း တစ်နေ့လုံး ဖုန်းတွေ၊ ကွန်ပျူတာတွေသုံးပြီး အလုပ်လုပ်နေရတာမျိုး ရှိတတ်ပါတယ်။ ဒီလိုအသုံးပြုတာတွေကို မြင်နေရတဲ့ ကလေးတွေကို ဖုန်းတွေ၊ ကွန်ပျူတာတွေ လုံးဝမသုံးရဘူးလို့ တားမြစ်ပိတ်ပင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ အထက်ပါလမ်းညွှန်ချက်လေးတွေအတိုင်း လိုက်နာပြီး နည်းပညာတွေကို အကျိုးရှိစွာအသုံးချတတ်ဖို့ ကလေးတွေကို သင်ကြားပေးလိုက်ပါလို့ အကြံပြုလိုက်ပါတယ်ရှင်။

ဗဟုသုတရစေတယ်ဆိုရင် SHARE ဖို့ မမေ့ပါနဲ့နော်။