အလုပ်ခွင်မှာ လှပတင့်တယ်စေဖို့ လက်ဝတ်ရတနာဝတ်ဆင်ခြင်းဆိုင်ရာ သိကောင်းစရာများ

blank

မင်္ဂလာပါ ဂန္ထဝင်ပရိသတ်ကြီးရေ…

ဒီတစ်ပတ်မှာတော့ လက်ဝတ်ရတနာချစ်သူတွေအတွက် ရုံးနဲ့လုပ်ငန်းခွင်မှာ ဘယ်လို လက်ဝတ်ရတနာဝတ်ဆင်သင့်သလဲဆိုတာလေးကို ဝေမျှပေးပါရစေ။

၁။ အလုပ်ခွင်နဲ့ ရုံးမှာ ဝတ်ဆင်ဖို့အတွက် ရတနာတွေကို ရွေးချယ်ရာမှာ တောက်ပြောင်လွန်းတာတွေ၊ အရွယ်အစားကြီးမားလွန်းတဲ့ လက်ဝတ်ရတနာတွေကို မရွေးချယ်သင့်ပါဘူး။

၂။ မြန်မာဝတ်စုံဝတ်ရတဲ့ ဌာနတွေ၊ ရုံးတွေမှာ ဝတ်စုံအရောင်နဲ့ လိုက်ဖက်တဲ့ ကျောက်တစ်ပွင့်တည်းလက်စွပ်လေးတွေ၊ နားကပ်လေးတွေကို ဝတ်ဆင်သင့်ပါတယ်။

၃။ အနောက်တိုင်းဆန်ဆန်ဝတ်ရတဲ့ ရုံးတွေမှာတော့ ရွှေထက် ပလက်တီနမ်ဆွဲကြိုးမျှင်မျှင်လေးတွေ၊ နီလာ၊ ပတ္တမြားစတဲ့ ကျောက်မျက်တွေနဲ့ပြုလုပ်ထားတဲ့ လက်စွပ်လေးတွေကို ဝတ်ဆင်သင့်ပါတယ်။

၎။ နားဆွဲလှလှလေးတွေ ဝတ်ဆင်မယ်ဆိုရင် ဆံပင်ကို မြင့်မြင့်လေးစုစည်းလိုက်ပါ။ နားဆွဲက အရမ်းကြီးနေရင် ဆွဲကြိုးမဝတ်ပဲ နားကပ်အလှကိုပဲ အသားပေးဝတ်ဆင်သင့်ပါတယ်။

၅။ တောက်ပပြီး အရွယ်အစားကြီးလွန်းတဲ့ လက်စွပ်တွေကို မဝတ်တာအကောင်းဆုံးပါပဲ။ ကျောက်မျက်တစ်ပွင့်တည်းကို စိန်နဲ့ရံထားတဲ့ အရွယ်အစားအနေတော် လက်စွပ်လေးတွေက သင့်တော်ပါတယ်။

၆။ လက်ကောက်တွေအများကြီး ဝတ်ထားတဲ့အခါ စာရိုက်တဲ့အချိန်၊ စာရေးတဲ့အချိန်တွေမှာ တချွင်ချွင်မြည်သံတွေကြောင့် လုပ်ဖော်ကိုင်ဖက်တွေ စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်ကောင်ဝတ်မှာ ဝတ်ဆင်မယ်ဆိုရင် ဟမ်းချိန်းလေးတွေက အသင့်တော်ဆုံးပါ။

၇။ အလုပ်ခွင်မှာ ရတနာဝတ်ဆင်တာကြောင့် မလိုက်မဖက်စိုးတယ်ဆိုရင် အကောင်းဆုံးက လက်ဝတ်ရတနာတွေကို လျှော့နိုင်သလောက်လျှော့ဝတ်ဖို့ပါပဲ။ ဝတ်ဆင်ဖို့ အသင့်တော်ဆုံး အရေအတွက်ကတော့ လက်ပတ်နာရီ (သို့) ဟမ်းချိန်း၊ လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံနဲ့ ဆွဲကြိုးပါးပါးလေးတစ်ကုံးပါပဲ။

ဂန္ထဝင်ပျိုမေတို့ရေ… ဒီလောက်ဆိုရင် အလုပ်ခွင်မှာ၊ ရုံးမှာ စမတ်ကျပြီး လှပနေစေဖို့ လက်ဝတ်ရတနာလေးတွေကို ဘယ်လိုဝတ်ဆင်သင့်တယ်ဆိုတာ သိပြီးကြပြီလို့ ထင်ပါတယ်ရှင်။ ရတနာလှလှလေးတွေကို ဝယ်ယူစုဆောင်းထားချင်တယ်ဆိုရင်တော့ Thida Gems ကို ရွေးချယ်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ Thida Gems မှာ ပွဲတက်ဝတ်ဆင်ဖို့ ထယ်ဝါတဲ့ လက်စွပ်ဒီဇိုင်းတွေရော၊ ရိုးရှင်းလှပတဲ့ လက်စွပ်လေးတွေရော ဒီဇိုင်းစုံရှိတာကြောင့် စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်တယ်လေ။ ကျောက်မျက်လေးတွေကိုလည်း certificate နဲ့အတူ ရောင်းချပေးတာကြောင့် အချိန်တိုင်းမှာ တန်ဖိုးတွက်ချက်ရလွယ်ကူပြီး ဝယ်ယူစုဆောင်းချင်သူတွေအတွက် အသင့်တော်ဆုံးပေါ့။

ဂန္ထဝင်စာချစ်သူတို့ ဗဟုသုတရစေရန် ရည်ရွယ်လျက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Thida Gems တို့မှ ပူးပေါင်းတင်ဆက်သည်။