အင်ဒရာနူရီ (Indra Nooyi) ရဲ့ အောင်မြင်မှုနောက်ကွယ်က ကြိုးစားရုန်းကန်မှုများ

blank
DAVOS/SWITZERLAND, 28JAN10 - Indra Nooyi, Chairman and Chief Executive Officer, PepsiCo, USA; Member of the Foundation Board of the World Economic Forum; Global Agenda Council on the Role of Business is captured during the session 'State Leadership: An Opportunity for Global Action' at the Congress Centre at the Annual Meeting 2010 of the World Economic Forum in Davos, Switzerland, January 28, 2010. Copyright by World Economic Forum swiss-image.ch/Photo by Michael Wuertenberg

          လူအများစုက ကျွန်မတို့မိန်းမသားတွေကို အားနွဲ့တယ်လို့ သတ်မှတ်ကြတယ်။ အားနွဲ့တဲ့မိန်းမသားတစ်ယောက်ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်ဟာ မဖြစ်နိုင်ဘူးလို့ဝေဖန်သူတွေအားလုံးကို မှင်သက်သွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်သူမကတော့ ပက်ပ်စီကို ကုမ္ပဏီရဲ့ စီအီးအို အင်ဒရာ နူရီ (Indra Nooyi) ပဲဖြစ်ပါတယ်။

အင်ဒရာနူရီ (Indra Nooyi) Connecticut မှာ ပညာသင်နေစဉ်ကာလအတွင်းမှာ သန်းခေါင်ကနေ မနက်လင်းတဲ့အထိ ဧည့်ကြိုအဖြစ် အလုပ်လုပ်ပြီး  ယေးလ်( Yale) မှာ အင်တာဗျူးဖြေတဲ့အခါဝတ်ဖို့ အနောက်တိုင်းဝတ်စုံကို ဝယ်ခဲ့ပါတယ်။  သူမခြေမျက်စိအောက်အထိရောက်နေတတ်တဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ရတဲ့အခါ သက်တောင့်သက်သာမရှိတဲ့ သူမပုံစံကြောင့် သူမအလုပ်မရခဲ့ပါဘူး။ အင်တာဗျူးကျတဲ့နေ့မှာ  သူမကျောင်းက ပါမောက္ခဆီကိုသွားပြီး အကြံဉာဏ်တောင်းခံတဲ့အခါ သူမဆရာက “ သမီး အိန္ဒိယမှာဆိုရင် ဘာဝတ်မလဲ” လို့ မေးတော့ သူမက “ဆာရီပေါ့” လို့မဆိုင်းမတွပဲဖြေခဲ့တယ်။ အဲဒါနဲ့ပဲ သူမဆရာက သူမကို  “အရှိအတိုင်းပဲနေ၊ကိုယ်သက်တောင့်သက်သာရှိတဲ့ အဝတ်အစားပဲဝတ်” လို့ မှာလိုက်ပါတယ်။ အဲဒါနဲ့ပဲ သူမဟာ နောက်ထပ်အင်တာဗျူးမှာ ဆာရီဝတ်ပြီးသွားခဲ့တဲ့အခါ အလုပ်ရသွားခဲ့ပါတယ်။ “ကိုယ်သက်တောင့်သက်သာမရှိတဲ့အရာတွေကို ဖက်တွယ်မထားပါနဲ့” ဆိုတဲ့ အတွေးအခေါ်ကိုလည်း သူမတစ်ဘဝလုံးလက်ကိုင်ထားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘယ်လိုပဲ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရပေမဲ့ သူမရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ သူမရဲ့ အတွေးအခေါ်တွေကို  ဘယ်တော့မှမပြောင်းလဲခဲ့ပါဘူး။ “ကျွန်မအရှိအတိုင်းပဲ အဆင်ပြေပါတယ်။ အမေရိကားမှာ အဆင်ပြေအောင်နေနိုင်ဖို့ အမေရိကန်တွေကို အတုခိုးပြီးနေထိုင်ဖို့ မလိုပါဘူး” လို့ သူမကပြောခဲ့တယ်။ ဖောဗစ်မဂ္ဂဇင်းက အမျိုးသမီးစွမ်းဆောင်ရှင်များအဖြစ်ဖော်ပြခံခဲ့ရတဲ့ အထိသူမရဲ့ ကြိုးစားမှုစွမ်းပကားက ကြီးမားခဲ့တယ်။

အင်ဒရာက သူမကုမ္ပဏီရဲ့ အောင်မြင်မှုဟာ သူမဝန်ထမ်းတွေကြောင့် လို့ဆိုပါတယ်။ ကုမ္ပဏီကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ခုတ်မောင်းနိုင်ဖို့ ဝန်ထမ်းကောင်းတွေက သိပ်ကိုအရေးပါတယ်လို့သူမက ဆိုပါတယ်။ ပြီးတော့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ ကုတ်(Coke) ကုမ္ပဏီကိုလည်း သူမကချီးကျူးပြောဆိုခဲ့ပါတယ်။ ပြိုင်ဘက်ကောင်းတွေရှိနေတဲ့အခါ ယှဉ်ပြိုင်မှုကလည်း ပိုပြီးအသက်ဝင်တယ်လို့ သူမကယုံကြည်ပါတယ်။

ပရိသတ်ကြီးရေ…

ထက်မြက်တဲ့ မိန်းမသားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။   ချနိုင်းကနေ US ကို အဆင့်မြင့်ပညာတွေသင်ဖို့ နဲ့ အိပ်မက်တွေရဲ့လားရာကို သတ္တိရှိစွာ ပျံသန်းလာခဲ့တဲ့ ကောင်မလေးတစ်ယောက် အကြောင်း။ ကျရှုံးပြီးရင်း ကျရှုံးခဲ့ပေမယ့် သူမရဲ့စိတ်ကူးတွေကို ဘယ်တော့မှလက်မလွတ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းက နေအစပြုပြီး သူမဘဝနဲ့တော်တော်အလှမ်းဝေးတဲ့ ပက်ပီကိုရဲ့ စီအီးအိုအဖြစ်ကိုရောက်စေခဲ့ပါတယ်။  အိပ်မက်ဆိုတာ ကြိုးစားသူတွေအတွက် အောင်မြင်မှုဆိုတာကို ကျွန်မတို့အားလုံးအတွက် ဥပမာပေးခဲ့တဲ့ အင်ဒရာနူရီရဲ့ ဘဝဇာတ်လမ်းလေးကတော့ အားကျအတုယူစရာပဲနော်။