မိမိအကြိုက်မလိုက်တဲ့ဘဝကို မိမိစိတ်ကြိုက် ပုံဖော်ခဲ့တဲ့ ကိုကိုး ရှနယ်လ်(Coco Chanel) ရဲ့ ဘဝအကြောင်း တစေ့တစောင်း

blank

“ဖက်ရှင်ဆိုတာ အဝတ်အစားတစ်ခုတည်းမှာ ရှိတာမဟုတ်ဘူး။ ကောင်းကင်ကြီးမှာ၊ လမ်းမထက်မှာ၊ အကြံဉာဏ်စိတ်ကူးတွေမှာ၊ အသက်ရှင်တဲ့ပုံစံထဲမှာ အားလုံးမှာရှိပါတယ်။ ဖက်ရှင်ဆိုတာ ကျွန်မတို့ကို လှပစေတဲ့အရာတစ်ခုလေ” ဆိုတဲ့စကားကိုပြောခဲ့သူ ၂ဝ ရာစုရဲ့ အလွှမ်းမိုးနိုင်ဆုံး ဖက်ရှင်ဒီဇိုင်နာတွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ ကိုကိုး ရှနဲလ် (Coco Chanel) ကို  ပြင်သစ်နိုင်ငံ စောမူရ် (Saumur) မြို့မှာ ၁၈၈၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

သူမရဲ့ စိတ်ရှည်သည်းခံမှုနဲ့ အမျှော်အမြင်ကြီးမှုဟာ သူမကိုဖက်ရှင်ဒီဇိုင်နာတွေထဲမှာ ထင်ရှားသူတစ်ယောက်ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။  သူမရဲ့ဒီဇိုင်းတွေဟာ ဖက်ရှင်ကျကျဝတ်ဆင်တတ်တဲ့ မိန်းကလေးတွေရဲ့ အသည်းကျော်၊ သူမရဲ့အမှတ်အသားဖြစ်တဲ့ အနက်ရောင် ဂါဝန်တိုလေးတွေဟာ ဖက်ရှင်လောကရဲ့ ပြယုဒ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ အောင်မြင်တဲ့ဖက်ရှင်ဒီဇိုင်နာတစ်ယောက်မဖြစ်ခင်မှာတော့ သူမဟာ ကလပ်တွေမှာ အဆိုရှင်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလပ်တွေမှာ သူဆိုလေ့ရှိတဲ့ ကိုကိုးဆိုတဲ့သီချင်းကိုအစွဲပြုပြီး သူမကိုယ်သူမ ကိုကိုးလို့မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ သူမမိခင်ဟာ သူမငယ်စဉ်ကတည်းက သေဆုံးသွားခဲ့ပြီး ပျံကျဈေးသည်တစ်ယောက်ဖြစ်တဲ့ သူမဖခင်ဟာ သူမကို မိဘမဲ့ကျောင်းကို ပို့ထားခဲ့ပါတယ်။ မိဘမဲ့ကျောင်းက သီလရှင်တွေကပဲ သူမကိုအပ်ချုပ်တာသင်ပေးခဲ့ပြီး သူမရဲ့ ဖက်ရှင်အပေါ်စိတ်ဝင်စားမှုက အဲဒီအချိန်ကတည်းက စတင်ခဲ့တယ်လို့ဆိုပါတယ်။

သူမအသက် ၂ဝမပြည့်မီအချိန်မှာပဲ ချမ်းသာတဲ့  မြင်းတပ်စစ်မှုထမ်းဟောင်းတစ်ဦးက သူဖွင့်လှစ်ထားတဲ့ အဲလ်တီနေ ဟဲယ် ဘောလ်ဆဲန် heir Étienne Balsan အဝတ်အထည်ဆိုင်မှာ သူမကို အလုပ်ခန့်အပ်ခဲ့တဲ့အပြင် သူမရဲ့ကိုယ်ပိုင်ဖက်ရှင်ဆိုင်ကိုဖွင့်လှစ်ဖို့လည်း ကူညီပေးခဲ့ပါတယ်။ ၁၉၁ဝခုနှစ်မှာတော့ ပဲရစ် ရူ ကန်ဘမ်  (Paris’s Rue Cambon ) လို့ခေါ်တဲ့သူမရဲ့ဆိုင်လေးမှာ စတိုင်ကျလှပတဲ့ ဦးထုပ်တွေကိုရောင်းချခဲ့ပါတယ်။ ၁၉၂ဝ ခုနှစ်မှာတော့ ခေတ်တုံးနေပြီဖြစ်တဲ့ အဝတ်အစားကျပ်ကျပ်တွေကို အခြေခံပြီး သက်တောင့်သက်သာလည်းရှိ၊စတိုင်လည်းမိတဲ့ ဆောင်းတွင်းဝတ်အဝတ်အစားတွေကို တီထွင်ချုပ်လုပ်ပြီး သူမရဲ့ပထမဆုံးအောင်မြင်မှုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ အကျော်ကြားဆုံးဖြစ်လာမယ့် အနက်ရောင်ဂါဝန်တိုတွေကို ဈေးကွက်ထဲ မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၉၂၅ မှာတော့ လှပတဲ့စကပ်လေးတွေအပြင် ကော်လာမပါတဲ့ ဂျက်ကက်အင်္ကျီကို suit  ဒီဇိုင်းလုပ်ခဲ့ပြီး သူမရဲ့ ဒီဇိုင်နာသက်တမ်းတစ်လျှောက်မှာ အဆန်းသစ်ဆုံး ထုတ်ကုန်တွေအဖြစ်ကျော်ကြားခဲ့ပါတယ်။

သူမရဲ့ဒီဇိုင်းတွေဟာ ပဲရစ်မြို့မှာလည်းနာမည်ရလာပြီး Cocteau, Pablo, the Ballets Russes နဲ့ Jean Cocteau’s တို့အတွက် ဒီဇိုင်းတွေကို ရေးဆွဲပေးခဲ့ရပါတယ်။ ၁၉၃ဝ မှာတော့ သူမရဲ့ကုမ္ပဏီဟာ နိုင်ငံတကာ စီးပွားရေးကျဆင်းမှုရဲ့ဒဏ်တွေကြောင့် အရှုံးတွေနဲ့ ကြုံခဲ့ရပေမယ့် သူမအသက် ၇ဝအရွယ်မှာ ဖက်ရှင်လောကကိုတစ်ဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ဖန်ပြန်လည်ရရှိခဲ့ပါတယ်။

“ကျွန်မဘဝက ကျွန်မအကြိုက်ကို မလိုက်ခဲ့ဘူး။ ဒါကြောင့် ကျွန်မဘဝကို ကျွန်မစိတ်ကြိုက်တည်ဆောက်ခဲ့တယ်” လို့ဆိုခဲ့တဲ့  ရှနယ်လ်ဟာ ၁၉၇၁ ဇန်နဝါရီ ၁ဝရက်နေ့မှာ သူမအနှစ်သုံးဆယ်ကြာနေထိုင်ခဲ့တဲ့ ရစ်တ်ဟိုတယ် မှာ သေဆုံးသွားခဲ့ပါတယ်။ သူမသေဆုံးသွားခဲ့ပေမဲ့ သူမရဲ့ ဖက်ရှင်ရေစီးကြောင်းကတော့ အခုထိလူကြိုက်များစွာ စီးဆင်းဆဲပဲ မဟုတ်လားပရိသတ်ကြီးရေ…။

အားကျအတုယူစရာ စာစောင်လေးကို သူငယ်ချင်းတွေဖတ်ရဖို့ SHARE ပေးလိုက်ပါဦး။