သင့်ကို ပိုမိုကောင်းမွန်တဲ့လူသားတစ်ဦးဖြစ်လာစေမယ့် ခြေလှမ်း(၅)လှမ်း

blank

ပရိသတ်ကြီးရေ…

တစ်ခါတလေမှာ လက်ရှိဘဝထက် ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်ဖို့ဆိုရင် သမားရိုးကျနည်းလမ်းတွေက  ရုန်းထွက်ပြီး ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ စွန့်စားမှုတွေလုပ်ဖို့ ကြောက်ရွံ့နေတာဟာ အသက်ရှင်သန်ချိန်မှာ ပျံသန်းနိုင်တဲ့ အတောင်ပံတွေကို ပျံသန်း ခွင့်မပေးဘဲ လှောင်အိမ်ထဲထည့်ထားမိတာနဲ့ တူပါတယ်။ ဒါကြောင့် သမားရိုးကျနည်းလမ်းတွေထဲက ဘယ်လိုရုန်းထွက်သင့်တယ်ဆိုတဲ့အချက်လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ မျှဝေတင်ဆက်လိုက်ပါတယ်ရှင်။

၁။ အတွေ့အကြုံသစ်တွေကို ရှာဖွေပါ။

အတွေ့အကြုံအသစ်ဆိုတာ သမားရိုးကျဘဝရဲ့ အပြင်ဘက်မှာပဲ ရှိနေကြပါတယ်။ ဒါကြောင့် ပိတ်ထားခဲ့တဲ့ စိတ်ရဲ့တံခါးတွေကို ဖွင့်ပြီး လောကကြီးရဲ့ အတွေ့အကြုံသစ်တွေကို လေ့ လာသင်ယူလိုက်ပါ။

၂။ ကြောက်စိတ်တွေကို ဖယ်ရှားပါ။

လူအများစုဟာ ကျရှုံးမှာကို ကြောက်ကြတဲ့အတွက် သမားရိုးကျဘဝထဲက မဖောက်ထွက်ရဲဘဲ နေတတ်ကြပါတယ်။ ဒါပေမဲ့ ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ အသက်ရှင်သန်မှုတစ်ခုတည်းမဟုတ်ပါဘူး။ အောင်မြင်မှုရရှိဖို့လည်းပါတဲ့အတွက်  ကျရှုံးမှာကို ကြောက်နေတဲ့စိတ်ကို ဖယ်ရှားပစ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကျွမ်းကျင်မှုတွေကို အသုံးချပါ။

အောင်မြင်မှုတိုင်းကတော့ သမားရိုးကျအခြေအနေကို ထိုးဖောက်ထွက်ရတဲ့အတွက် ခက်ခဲ ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ ကိုယ့်ကျွမ်းကျင်မှုတွေကို အကောင်းဆုံးထုတ်ဖော် အသုံးချလိုက်ပါ။

၎။ စွန့်စားကြည့်ပါ။

ဘဝမှာ မလုပ်ဖူးလိုက်တဲ့အရာတွေကြောင့် နောင်တစ်ချိန်မှာ နောင်တရနေမယ့်အဖြစ်မျိုး မလိုချင်ဘူးဆိုရင် ကြောက်စိတ်တွေကို ဘေးဖယ်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။ ဘဝအိပ်မက်တွေ တကယ်ဖြစ်လာဖို့ တစ်ခါလောက် စွန့်စားကြည့်လိုက်ပါ။

၅။ ကိုယ့်ကိုယ်ကို ပျိုးထောင်ပါ။

အောင်မြင်ဖို့ ကြိုးစားတာဟာ ဘာဖြစ်မယ်ဆိုတာ ကြိုသိနေတဲ့ သမားရိုးကျဘဝထက်တော့ ပိုရုန်းကန်ရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဇွဲမလျှော့ဘဲ ကျော်ဖြတ်နိုင်အောင် ကိုယ့်ကိုယ်ကို အရည် အချင်းကောင်းတွေ ပျိုးထောင်သွားလိုက်ပါ။

ကဲ… ပရိသတ်ကြီးရေ သင်လည်း အောင်မြင်ချင်သူတစ်ဦးဖြစ်မယ်ဆိုရင် သမားရိုးကျအခြေ အနေတွေကို ဖောက်ထွက်ရဲတဲ့ သတ္တိလေး မွေးလိုက်ရအောင်နော်။ သင် မလုပ်နိုင်ဘူးထင်တဲ့အရာ တွေကိုပါ သင်လုပ်နိုင်လာတာကို အံ့မခန်းတွေ့ရပါလိမ့်မယ်။

အားလုံးလည်း ပိုမိုအောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ ဆောင်းပါးလေးကို နှစ်သက်တယ် ဆိုရင် SHARE လိုက်ပါဦးနော်။