အရေးပါသော မေးခွန်းသုံးခု

blank

ဂရိနိုင်ငံမှာ ဆိုကရေးတီး(Socrates) ဟာ ပညာဗဟုသုတ နှင့်ပြည့်စုံလို့ နာမည်ဂုဏ်သတင်းကျော်ကြားခဲ့တယ်။ တစ်ရက်မှာ ဆိုကရေးတီးက မိတ်ဆွေတစ်ဦး နှင့်တွေ့တော့ စကားပြောဖြစ်ကြတယ်။

မိတ်ဆွေ       ။ ဆိုကရေးတီး အသင်ရဲ့ သူငယ်ချင်းအကြောင်း သတင်းကြားပြီးပြီလား။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဆိုကရေးတီး  ။ ခဏလေး၊ သင်မပြောခင် ကျွန်ုပ်အရင်မေးခွန်းသုံးခုမေးပြီး သင်ပြောမယ့်အကြောင်းအရာကို စမ်းစစ်ပါရစေ။

မိတ်ဆွေ       ။မေးခွန်းသုံးခု၊ ဘာအတွက်လဲ။

ဆိုကရေးတီး  ။ သင်ပြောချင်တဲ့အကြောင်းအရာ ဘာလဲဆိုတာသိရအောင် ကျွန်ုပ်မေးတာလေးတွေအရင်ဖြေရင် မကောင်းဘူးလား။

ပထမမေးခွန်း – သင်ပြောမယ့် အရာက မှန်ကန်ပါတယ်လို့ သင်အာမခံလား။

မိတ်ဆွေ       ။ မသေချာဘူး၊ ကျွန်ုပ်လည်း တစ်ဆင့်ကြားခဲ့တာပဲ။

ဒုတိယမေးခွန်း – သင်ပြောမယ့် သတင်းက သတင်းကောင်းလား။

မိတ်ဆွေ       ။ မဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်သတင်းပါ။

တတိယမေးခွန်း – သင်ပြောမယ့်အရာက ကျွန်ုပ်အတွက် အသုံးဝင်သလား။

မိတ်ဆွေ       ။ ခင်ဗျားအတွက် အသုံးမ၀င်ပါဘူး။

ဆိုကရေးတီး  ။ မှန်မမှန်လည်း သင်မသိဘူး၊ ကောင်းသတင်းလည်း မဟုတ်ဘူး၊ ကျွန်ုပ်အတွက် အသုံးလည်းမ၀င်တဲ့ အကြောင်းအရာ တစ်ခုကို ကျွန်ုပ်ကို ဘာလို့လာပြောပြနေရတာလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။