အရှိကိုအရှိအတိုင်းနေထိုင်ခြင်းဟာ မင်္ဂလာတစ်ပါးပါ။

blank

ဒေးဗစ်နဲ့ မိုက်ကယ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ဆာဟာရသဲကန္တာရတစ်ခုထဲမှာ တဝဲ လည်လည်နဲ့ လမ်းပျောက်နေကြပါတယ်။ နှစ်ယောက်သား ရေလည်း အလွန်ငတ်နေပြီး နောက်ဆုံး မှာတော့ ဗလီတစ်ခုကို တွေ့ရှိသွားကြတယ်။

ဒေးဗစ်။ ။ သူငယ်ချင်းရေ ငါတို့ အစ္စလာမ်ဘာသာဝင်လို့ ဟန်ဆောင်ကြရအောင်။ အဲ့ဒီလို မဟုတ်ရင် ငါတို့ကို ဘာမှမတိုက်မကျွေးဘဲ နေလိမ့်မယ်။ ငါက ကိုယ့်ကိုယ်ကို အာမက်လို့ ပြောမယ်။

မိုက်ကယ်။       ။ ငါကတော့ ဟန်ဆောင်တာထက် အရှိအတိုင်းပဲပြောမယ်ကွာ။

မိုက်ကယ်က နာမည်ပြောင်းဖို့ကို ငြင်းပြီး ဗလီထဲဝင်လာကြတယ်။ ဗလီကျောင်းအုပ်က ဒေးဗစ် နဲ့ မိုက်ကယ်တို့ကို ခရီးဦးကြိုပြုပြီး နာမည်တွေမေးပါတယ်။

ဒေးဗစ်။          ။ ကျွန်တော့်နာမည်က အာမက်ပါခင်ဗျာ။

မိုက်ကယ်။      ။ ကျွန်တော်ကတော့ မိုက်ကယ်ပါ။

ကျောင်းအုပ်က “ မိုက်ကယ်အတွက် စားသောက်ဖွယ်ရာတွေ ပြင်ဆင်ပေးလိုက်ပါ” လို့ တပည့် တစ်ယောက်ကို ခေါ်ပြီးပြောလိုက်တယ်။ ပြီးတော့ အာမက်လို့ ညာပြီး မိတ်ဆက်ထားတဲ့ ဒေးဗစ်ကို တော့ “ ဘယ်လိုလဲ ဒီနေ့ဥပုဉ်စောင့်ရတာအဆင်ပြေရဲ့လား” လို့ မေးလိုက်ပါတယ်။

သင်ကော ဒီဇာတ်လမ်းလေးကိုဖတ်ပြီး တွေးမိတာလေးရှိရင် comment box မှာ မျှဝေခဲ့ပါ နော်။