လူတွေနောက်ကို လိုက်မနေနဲ့… ပင်ပန်းပါတယ်။

blank

သူက ကိုယ့်ကို block ရင်…

ကိုယ်ကသူ့ကို အဆက်အသွယ်ကို ဖြတ်ပစ်လိုက်ပါ။

သူက ကိုယ့်ကို အရေးမလုပ်ရင်…

ကိုယ်ကလည်း သူ့ကို မသိသလို နေလိုက်ပါ။

ကိုယ့်နားမှာနေချင်တဲ့သူတွေအတွက်ပဲ

ကိုယ့်ပျော်ရွှင်မှုနဲ့ စွမ်းအင်တွေကို ဝေမျှလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်အကြောင်းတွေးဖို့ အချိန်တစ်စက္ကန့်တောင် မပေးတဲ့သူတွေဆီက

ဂရုစိုက်မှုတွေကို တောင့်တရင်း အချိန်တွေအများကြီး ကုန်ခဲ့ပြီမို့လား။

ထွက်သွားချင်တာကို ကိုယ်ဆွဲထားလို့ အနားမှာရှိနေတယ်ဆိုတာကို မကျေနပ်နဲ့။

သူ့စိတ်ဆန္ဒ ရွေးချယ်မှုအတိုင်း ကိုယ့်နားမှာရှိနေသူအတွက်ပဲ ဂုဏ်ယူတန်ဖိုးထားလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။