အပင်စိုက်ဝါသနာပါတဲ့ အမျိုးသမီးတွေဟာ သက်ရှည်ကျန်းမာနေကြရပါတယ်

blank

စာချစ်သူတို့ရေ…..

လူတိုင်းက  နေရောင်ခြည်နုနုလေးနဲ့ လေပြည်အေးအေးလေးတွေရှိတဲ့ ဝန်းကျင်မှာပဲ နေချင်ကြတယ်။ ဒါပေမဲ့ သင့်ဝန်းကျင်မှာ အပင်လေးတွေ ခြံရံပြီး နေရတဲ့ကောင်းကျိုးတွေကိုရော တွေးမိပါသလား။

သုတေသနပြုချက်တွေရဲ့ နောက်ဆုံးရလဒ်တွေအရ အပင်လေးတွေ စိုက်ပျိုးထားတဲ့ ဝန်းကျင်မှာနေတာက အသက်ရှည်ရှည်နေရဖို့ အလားအလာတော်တော်များများရှိကြောင်း တွေ့ရှိထားပါတယ်။

သဘာဝပေါက်ပင်စိမ်းစိမ်းလေးတွေရှိတဲ့ နေရာမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေဟာ ဘာအပင်မှ စိုက်ပျိုးမထားတဲ့အိမ်မှာ နေတဲ့အမျိုးသမီးတွေထက် သေဆုံးမှုနှုန်းပိုလျော့ကျကြပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုကျန်းမာကြကြောင်း တွေ့ရှိရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အပင်တွေရှိတဲ့ ဝန်းကျင်မှာနေတဲ့ လူတွေမှာ စိတ်ကျရောဂါဖြစ်နိုင်ခြေ နည်းပါးပါတယ်။ သစ်တော၊ သစ်ပင်တွေ​ ဝန်းရံထားတဲ့ ဒါမှမဟုတ် အပင်လေးတွေ စိုက်ပျိုးထားတဲ့ နေရာမှာနေတဲ့လူတွေဟာ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့ဖို့ နည်းပါးပါတယ်။ ကိုယ်လက်လှုပ်ရှားဖို့၊ လူမှုဆက်ဆံရေးကောင်းမွန်ဖို့ အလားအလာတွေလည်း ပိုတိုးလာပါတယ်။

ဒါကြောင့် သက်ရှည်ကျန်းမာဖို့ သင့်ပတ်ဝန်းကျင်ကို အပင်လေးတွေနဲ့ ဝန်းရံလိုက်ပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။