ဘဝမှာ နောင်တအရဆုံးအရာက ဘယ်အရာဖြစ်မလဲ။

blank

စာချစ်သူတို့ရေ….

ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ဆုံတွေ့နေရပြီဖြစ်တဲ့ အဘိုးအဘွားအယောက်တစ်ရာကို ဘဝမှာ နောင်တအရဆုံးအရာက ဘာလဲလို့ မေးကြည့်တဲ့အခါမှာ အများစုက သူတို့လုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရနေတာမဟုတ်ဘဲ မလုပ်ခဲ့ရတဲ့အရာတွေအတွက် နောင်တရနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

သူတို့မလုပ်ခဲ့တဲ့ စွန့်စားမှုတွေ၊ သူတို့ပြီးမြောက်အောင် မကြိုးစားနိုင်ခဲ့တဲ့ အိပ်မက်တွေပေါ့။ ဒီကမ္ဘာပေါ်က လူတိုင်းမှာ အိပ်မက်တစ်ခုစီတော့ ရှိကြပါတယ်။ ဒီအိပ်မက်တွေ တကယ်ဖြစ်လာစေဖို့အတွက်ပဲ လူတွေအသက်ရှင်နေကြတာပါ။ 

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အိပ်မက်တစ်ခုလက်တွေ့ဖြစ်လာစေဖို့ဆိုရင် စိတ်ကော နှလုံးပါ မြှုပ်နှံထားရပါမယ်။ အခက်အခဲ၊ နာကျင်မှုတွေ မရှိတဲ့ဘဝဆိုတာမရှိပါဘူး။ အောင်မြင်မှုဆီသွားတဲ့လမ်းပေါ်က နာကျင်မှုကိုရွေးမလား၊ ဒါမှမဟုတ် အိပ်မက်တွေ မပြီးမြောက်လိုက်လို့ နောင်တရရတဲ့ နာကျင်မှုကိုရွေးမလား။ သင် ဘယ်လမ်းကို ရွေးမှာလဲ….