လိင်ပညာပေးနဲ့ပတ်သက်ပြီး မိဘတွေမှားနေတတ်တဲ့ အမှားကြီး (၃)ခု

blank

စာချစ်သူတို့ရေ…။

၁။ “ သားသမီးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြောပြထားတာကရှက်စရာ” လို့ ထင်နေတတ်တဲ့ အကျင့်ဟာ မှားပါတယ်။

ဆန့်ကျင်ဖက်လိင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတတ်တာဟာ မွေးရာပါသဘောတရားတစ်ခုပါ။ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြောမပြထားတဲ့အခါ ကလေးအနေနဲ့ မဖြစ်သင့်တာတွေဖြစ်လာနိုင်ပါတယ်။ ကလေးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အသိပညာတွေဗဟုသုတတွေကို ပြောပြပေးတဲ့သူဟာ မိခင်ဖခင်တွေဖြစ်နေတယ်၊ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး နားမလည်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းမေးလို့ရနေတယ် ဆိုရင်တော့ စူပါမိဘတွေလို့ သတ်မှတ်လို့ရနေပါပြီ။

၂။ “သားသမီးတွေက ကလေးစိတ်မကုန်သေးဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှဖွင့်မမေးသေးဘူး” လို့ ယူဆနေတတ်တဲ့ အတွေးတွေဟာ မှားပါတယ်။

သင့်ကလေးက သင့်ကို လိင်ကိစ္စနဲ့ပတ်သက်ပြီး ဖွင့်မပေးသေးဘူးဆိုတိုင်း သူတို့စိတ်မဝင်စားသေးဘူးလို့ ပြောလို့မရနိုင်ပါဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သက်ရင် မိဘတွေကပဲ စပြောရမှာဖြစ်ပါတယ်။ ကလေးတွေကို အသက် (၃) နှစ်လောက်ကစပြီး ကျား၊မ ကွဲပြားပုံအကြောင်း၊ မိမိတစ်ယောက်တည်း ထိကိုင်လို့ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း သင်ကြားပြသထားပေးပါ။ ကလေးတွေမေးလာမယ့် မေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် လိင်ပညာပေးနဲ့ပတ်သက်ပြီး သင်ကိုယ်တိုင်ကလည်း ဖတ်ရှုလေ့လာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ထားပါသည်။

၃။ “လိင်ပိုင်းဆိုင်ရာအကြောင်းတွေကို ကလေးတွေကိုများများသိလာရင် လိင်ပိုင်းဆိုင်ရာ အမှုကိစ္စတွေကို များများပြုလုပ်လာမယ်” ဆိုတာ မှားပါတယ်။

မီးကိုပူမှန်းသိထားတဲ့သူဟာ မီးနဲ့အလွယ်တကူ မကစားသလို၊ မီးဘေးအန္တရာယ်မကျရောက်အောင် ကာကွယ်နိုင်သလိုပဲ လိင်ပိုင်းဆိုင်ရာအကြောင်းတွေကို ကလေးတွေသိထားတယ်ဆိုရင် သူတို့ကိုယ်သူတို့ မထိခိုက်အောင်ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကိုလည်းသိလာပါလိမ့်မယ်။ သက်ငယ်မှုဒိမ်းမှုအများစုမှာ ကလေးငယ်တွေက သူတို့ကိုယ်သူတို့ မုဒိမ်းကျင့်ခံရတယ်လို့တောင် မသိလိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ လိင်ကိစ္စတွေကို ကစားစရာလို့သဘောထားတဲ့ ဆယ်ကျော်သက်အရွယ်တွေအနေနဲ့လည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ လိင်ကိစ္စတွေကို သင်ကလေးမသိအောင် သင်ကဖုံးကွယ်ထားရင် ကလေးတွေမသိနိုင်ဘူးလို့ မထင်ပါနဲ့။

သင့်ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး သင်ကြားပေးသင့်တယ်လို့ ထင်ရင် ဒီစာစောင်လေးကို ဝေမျှပေးလိုက်ပါဦး။