ဆရာကြီးမှ ကျောင်းသားမိဘတွေထံ ပေးစာ

blank

စင်္ကာပူနိုင်ငံက ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီးတစ်ယောက်ဟာ ကလေးတွေ စာမေးပွဲမဖြေခင်မှာ မိဘတွေဆီ စာပို့လိုက်ပါတယ်။

ကလေးမိဘတို့ရေ….

မကြာခင်မှာဆိုရင် ကလေးတွေရဲ့ အတန်းတင်စာမေးပွဲကြီး ရောက်ရှိလာတော့မှာမို့ ကလေးတွေ ကောင်းကောင်းမှ ဖြေဆိုနိုင်ပါ့မလားဆိုပြီး စိတ်တွေပူပန်နေမှာ သိပါတယ်။ ဒါပေမဲ့ စာမေးပွဲဖြေဆိုမယ့် ကလေးတွေထဲမှာ သင်္ချာကို နားလည်စရာမလိုတဲ့ အနုပညာရှင်တွေ၊ သမိုင်းတွေ၊ အင်္ဂလိပ်စာပေတွေအကြောင်းတွေ ဂရုစိုက်စရာမလိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဓာတုဗေဒအမှတ်က သူ့အတွက် အရေးမပါတဲ့ ဂီတပညာရှင်တွေ၊ ရူပဗေဒထက် သူ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုက ပိုအရေးကြီးတဲ့ အားကစားသမားတွေလည်း ပါနေတယ်ဆိုတာ သိစေချင်ပါတယ်။

သင့်ကလေးက  အခန်းထဲမှာ အမှတ်အများဆုံးရတယ်လား။ ကောင်းတာပေါ့။ ဒါပေမဲ့ သူ့အတွက်ကော ကောင်းရဲ့လား…အမှတ်ကောင်းတဲ့အချိန်မှာ ဝမ်းသာသလို အမှတ်နည်းတဲ့အခါမှာကျရင်လည်း ဆူပူအော်ဟစ်ပြီးတော့ သူ့ကိုယ်သူ ယုံကြည်မှုတွေကို မပျောက်ဆုံးသွားပါစေနဲ့။ ဒါဟာ စာမေးပွဲတစ်ခုသာ ဖြစ်ကြောင်းပြောပြီး ဘဝမှာ စာမေးပွဲထက်အရေးပါတာတွေ အများကြီးဆိုတာ ပြောပြပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူတို့အမှတ်ဘယ်လောက်ပဲ ရရ သူတို့ကို ချစ်နေမှာပါဆိုတာ ပြောပြထားပါ။ စာမေးပွဲတစ်ခုမှာ အမှတ်နည်းတာက သူတို့ရဲ့ အိပ်မက်တွေ၊ ကျွမ်းကျင်မှုတွေကို ပျောက်ဆုံးမသွားစေပါဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကမှ လောကမှာ ပျော်ရွှင်တဲ့သူတွေမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ကို သိထားစေချင်ပါတယ်။

လေးစားစွာဖြင့်

ကျောင်းအုပ်ကြီး

စာချစ်သူတို့ကော ဒီပေးစာလေးကို သဘောရတယ်ဆိုတာ comment box မှာမျှဝေပေးသွားပါဦးနော်။