သင့်ဘဝရဲ့အဓိပ္ပာယ်ဆိုတာ သင်ကိုယ်တိုင် ရှာဖွေရတဲ့အရာပါ။

blank

မိတ်ဆွေ…

ဒီနေ့ခေတ် လူအများစုဟာ နာမည်ကြီးဖို့၊ ဂုဏ်သတင်းမွှေးဖို့ကိုပဲ အဓိကထား ကြိုးစားနေကြတယ်။ သင်လည်း သူတို့လိုပဲ နာမည်ဂုဏ်သတင်းကြီးဖို့ သက်သက်ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုရင် တစ်ခုခုတော့ လွဲချော်နေပါပြီ။

– သင် ဒီနေ့ ဒီနေရာမှာ ဘာကြောင့်ရောက်နေရလဲဆိုတဲ့ အကြောင်းရင်းကို တစ်ခါလောက် တွေးကြည့်ဖူးပါသလား။

– တစ်နေ့ထက်တစ်နေ့ တိုးတက်လာသလား၊ ဆုတ်ယုတ်သွားသလားဆိုတာကိုကော သင့်ကိုယ်သင် သုံးသပ်ဖူးပါသလား။

– သင်လုပ်နေတဲ့ အရာတွေက သင့်ဘဝအတွက် အဓိပ္ပာယ်ရှိစေတယ်လို့ကော ယုံကြည်ပါသလား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီမေးခွန်းတွေအတွက် အဖြေရပြီဆိုရင် သင့်ဘဝရဲ့အဓိပ္ပာယ်ကို စတင်ရှာဖွေလို့ ရပါပြီ။ သင်လုပ်ချင်တဲ့အရာတွေအားလုံးကို တစ်ပြိုင်တည်း မလုပ်နိုင်ရင်တောင် နည်းနည်းချင်းစီ စလုပ်ပါ။ လုပ်ရင်းနဲ့ သင့်အရည်အသွေးတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးချလို့ရနိုင်မလဲဆိုတာ ပိုသိလာပါမယ်။

မကြာသေးခင်က လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်လူမျိုး ၈၅% ဟာ အလုပ်မှာ စိန်ခေါ်မှုတွေမရှိတဲ့အတွက်ကြောင့် အလုပ်မသွားချင်ကြပါဘူး။ အလုပ်သွားရမယ့်အကြောင်း တွေးလိုက်ရင် ငြီးငွေ့လာကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါမှာ သင့်အနေနဲ့ ဒီနေ့ ဘယ်လောက်လုပ်နိုင်မယ်ဆိုတဲ့ အမြင့်ဆုံးအတိုင်းအတာကို ကြိုတင်သတ်မှတ်ထားပါ။ တစ်နေရာသွားတဲ့အခါ သင်ဘယ်လောက်ခရီးဆက်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာ သိထားပါ။ တဖြည်းဖြည်းနဲ့ သင့်လုပ်ကိုင်နိုင်စွမ်းကို ပိုသတိထားမိလာပါမယ်။ ပြီးတော့ အရေးမပါတဲ့အရာတွေအတွက် စိတ်ပျံ့လွင့်နေတာတွေလည်း လျော့နည်းလာမယ်။ အခက်အခဲအတားအဆီးတွေကိုလည်း ကျော်လွှားလာနိုင်မယ်။ ခံစားမှုတွေလည်း ပိုလွတ်လပ်လာမယ်။ သင့်အချိန်တွေကိုလည်း ထိုက်တန်တဲ့အရာတွေ ရှာဖွေဖို့ အသုံးချတတ်လာမယ်။

ကဲ…သင်ကော သင့်ဘဝရဲ့အဓိပ္ပာယ်ကို ရှာတွေ့နေပြီလား။