မွေးချင်းအစ်မ၊ ညီမတွေရှိခြင်းက သင့်ကိုဘယ်လိုအကျိုးထူးတွေ ခံစားရစေသလဲ။

blank

ညီအစ်ကိုချင်း၊ ဒါမှမဟုတ် မိန်းကလေးဆိုလည်း အစ်ကိုတွေမောင်တွေ ရှိခြင်းထက် ညီအစ်မ တွေရှိခြင်းက လူတစ်ယောက်ရဲ့ပေါင်းသင်းဆက်ဆံရေးစွမ်းရည်၊ ညှိနှိုင်းတတ်တဲ့စွမ်းရည်နဲ့ အလိုက် သင့်နေတတ်တဲ့စွမ်းရည်တို့ကို ရရှိစေတယ်ဆိုတာ ယနေ့သိပ္ပံပညာရှင်တွေက တွေ့ရှိထားကြပါပြီ။

မှန်ပါတယ်။ ဒီလိုရှိခြင်းက သင့်ရဲ့ဉာဏ်စွမ်းရည်ကောင်းမွန်အောင်၊ သင့်ကိုယ်သင် လေးစား တတ်အောင် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် မွေးချင်းညီမ၊ အစ်မတွေရှိခြင်းကြောင့် ဘဝမှာ အထီးကျန် ခြင်း၊ အချစ်မခံရခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ ကြောက်တတ်ခြင်းတို့ ကနေလည်း ကာကွယ်နိုင်ပါတယ်။ မွေးချင်းမိန်းကလေးတွေရှိခြင်းအားဖြင့် သင့်ရဲ့ အပြုသဘော ဆောင်တဲ့ ခံစားမှုစွမ်းရည်ကိုလည်း ပိုမိုဖွံ့ဖြိုးစေပါတယ်။ မိန်းကလေးတွေဟာ မိဘတွေမရှိတော့တဲ့ နောက်ပိုင်းကျရင်လည်း မောင်နှမတွေကြား ဥမကွဲသိုက်မပျက် ပိုမိုချစ်ခင်စည်းလုံးအောင်လည်း ထိန်း သိမ်းတတ်ကြပါတယ်။ ဒါတင်ကပါဘူး။ မွေးချင်းမိန်းကလေးတွေရှိခြင်းက သင့်ကို  ထောက်ထားညှာ တာတတ်သူ၊ ကြင်နာတတ်သူ၊ စိတ်နူးညံ့ပြီး စေတနာထားတတ်သူတစ်ယောက်လည်း ဖြစ်လာနိုင်စေ ပါသေးတယ်။ ဘာကြောင့်လဲ ဆိုရင် မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ တွယ်တာမှုတွေ ကို စေတနာတွေ၊ ကြင်နာမှုတွေနဲ့ ပုံဖော်ပြသတတ်လို့ ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မောင်နှမ၊ ညီအစ်မသဘာဝ ရန်ဖြစ်တယ်ဆိုရင်တောင် သူစိမ်းတွေမဟုတ်တာကြောင့် အပြု သဘောဆောင်တဲ့အနိုင်ရလိုမှုမျိုးနဲ့ပဲ အနိုင်ယူဖို့ ကြိုးစားကြပါတယ်။ ဒါကလည်း ဘဝမှာ အသက်ကြီး လာလေ ပိုအရေးကြီးလာလေဖြစ်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။ အလုပ်တစ်ခုကို ဘယ်လို ပူးပေါင်း လုပ်ဆောင်ကြမလဲ၊ ခက်ခဲမှုတွေကို ဘယ်လိုအတူဖြေရှင်းကြမလဲ၊ သဘောကွဲလွဲမှုတွေကို ဘယ်လို ပြေလည်အောင် ညှိနှိုင်းကြမလဲဆိုတာတွေကိုလည်း သင်ယူနိုင်ပါတယ်။

ဒါကြောင့် ယောက်ျားလေးဆိုရင်လည်း အမျိုးသမီးတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ တခြား သော တစ်ဦးတည်းသောသားတွေ၊ မွေးချင်းညီအစ်ကိုတွေသာရှိတဲ့သူတွေထက် ပိုချောမွေ့ကြတယ် လို့ လေ့လာတွေ့ရှိသူတွေက ဆိုထားပါတယ်။ ဒါ့အပြင် ပိုမိုပျော်ရွှင်ပြီး အစစ်မှန်ဆုံးကလေးဘဝကို လည်း ရရှိနိုင်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်နေသဘောထားကို လည်း ပိုမိုနားလည်ပေးနိုင်ပါတယ်။ ဘဝမှာစိတ်ဖိစီးမှုတွေလည်း နည်းပါးစေပြီး တခြားသူတွေထက် ပိုမိုအကောင်းမြင်စိတ်တွေ၊ ပျော်ရွှင်မှုတွေကိုလည်း ရရှိစေပါတယ်။

ကဲ… သင့်မှာလည်း ချစ်ခင်တွယ်တာရတဲ့ မွေးချင်းညီမ၊ အစ်မတွေရှိရင် သူတို့ကို mention လေးခေါ်ပြီး မျှဝေပေးလိုက်ပါဦးနော်။