စိတ်ထားကောင်းတဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ချင်ပါသလား။ ဒီလိုလေး နေထိုင်လိုက်ပါ။

blank

စာချစ်သူတို့ရေ…။

ကျွန်မတို့ မိန်းကလေးတွေ ဆိုတာ နူးညံ့သိမ့်မွေ့တဲ့ ဗီဇဟာ အမေမွေးကတည်းက ပါလာကြပြီးသားပါ။ မွေးရာပါ ဗီဇကို ထက်မြက်လာအောင် ပုံဖော်နိုင်ဖို့၊ စိတ်ထားပြည့်ဝတဲ့ အမျိုးသမီးကောင်းလေးတွေ ဖြစ်လာဖို့ဆိုရင်…

ယဉ်ကျေးပျူငှာပါ။ အကြင်နာတရား ရှိပါ။

နှလုံးသားတစ်ခုလုံးနဲ့ ချစ်ပါ။

သိက္ခာကျစေတဲ့ အပြုအမှုအပြောအဆိုတွေ ရှောင်ပါ။

ရဲရင့်ပါ။ စိတ်ဆန္ဒပြင်းပြပါ။ သန်မာပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ။ အိပ်မက်တွေနောက် လိုက်ပါ။ ပြုံးပါ။ အကောင်းမြင်စိတ် ထားပါ။

အလုပ်ကြိုးစားပါ။ လုံ့လဝီရိယ ရှိပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အခြားသူတွေအပေါ် ဖေးမကူညီပါ။

သူ့နေရာနဲ့သူ သင့်လျော်မှန်ကန်စွာ ဝတ်စားဆင်ယင်ပါ။ အထက်တန်းကျကျ နေထိုင်ပါ။

အခွင့်အလမ်းရှိတိုင်း လေ့လာသင်ယူပါ။

အတင်းအဖျင်းတွေ မပြောဘဲ အခြားသူတွေရဲ့ ကောင်းသတင်းတွေကိုပဲ ပြောပါ။

ပျော်ရွှင်စရာ အဆုံးသတ်တွေပဲရမယ်ဆိုတာ ယုံကြည်ပါ။

ရမ္မက်တွေနောက် မလိုက်ဘဲ ဦးနှောက်ကို ကောင်းစွာ အသုံးချပါ။

ဘဝကို ရိုးရှင်းတဲ့အရာတွေနဲ့ပဲ ပျော်ပျော်နေပါ။

အချိန်တိုင်း စာများများဖတ်ပါ။

ကိုယ်ကိုယ်တိုင်ရော သူများကိုယ်ပါ လေးစားပါ။

ကျေးဇူးတရားကို လက်ကိုင်ထားပါ။