ဘဝမှာ သင်နဲ့ထိုက်တန်တဲ့အရာတွေ ရှိနေပါတယ်။

စာချစ်သူတို့ရေ…

သင့်ဆီက ထွက်ပြေးချင်နေတဲ့သူတွေ လောကမှာ အများကြီးရှိနေပါတယ်။ သင့်ဆန္ဒအတိုင်း လိုက်လုပ်မပေးချင်သူတွေလည်း ရှိပါတယ်။

သင့်ကိုနာကျင်စေတဲ့ဒဏ်ရာတွေရှိသလို အူနာအောင်ရယ်ရစေတဲ့ ဟာသတွေလည်း ရှိနေပါတယ်။ သင်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေရှိနေတာက သင့်အတွက် ကံကောင်းသလို သူတို့အတွက် လည်း ကံကောင်းခြင်းပါ။ ဒါကြောင့် သင့်ကို ဘဝအတွေ့အကြုံတွေပေးတဲ့ သင့်ဘေးမှာရှိနေသူတွေကို ကျေးဇူးတင်လိုက်ပါ။ သင့်နှလုံးသား ကွဲကြေနေတဲ့အခါ သူတို့က သင့်ကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ဘဝမှာ စိတ်ကိုလန်းဆန်းစေတဲ့ သာယာလှပတဲ့ နွေရာသီညနေခင်းအချိန်တွေ ရှိပါတယ်။ ကော်ဖီဆိုင်ထောင့်လေးမှာ သတင်းစာလေးဖတ်ရင်း၊ ကော်ဖီတစ်ကျိုက်သောက်ရင်း ပဲရစ်တို့၊ စပိန်တို့ ရောက်နေသလို ခံစားရတဲ့အချိန်တွေလည်း ရှိပါတယ်။

ရေပေါ်ပေါ်နေသလို သင့်နှလုံးသားလေး လွတ်လပ်ပေါ့ပါးနေချိန်၊ ပျော်ရွှင်နေချိန်၊ မျှော်လင့်ချက်တွေ ပြည့်နေချိန်တွေ ရှိပါတယ်။

တစ်နေ့ပြီးတစ်နေ့ သင့်ကိုယ်သင် ဘယ်လိုချစ်ရမယ်ဆိုတာ သင်ယူရင်း သင့်နှလုံးသားမှာ ကျေနပ်မှုတွေ ပြည့်နှက်နေချိန်တွေရှိပါတယ်။ နာကျင်မှု၊ ဆုံးရှုံးမှုတွေရှိပေမဲ့ လေးနက်တဲ့ ခံစားမှု၊ ရှင်သန်မှုတွေလည်း သင့်မှာ ရှိနေပါတယ်။ ကိုယ်ပိုင်ရပ်တည်မှု၊ ကိုယ်ပိုင်ခွန်အားတွေ သင့်မှာ ရှိပါ တယ်။ ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေဖို့ အခွင့်အရေးတွေ သင့်မှာရှိပါတယ်။

ဒါကြောင့် သင်နဲ့ထိုက်တန်တဲ့အရာတွေနောက်ကိုပဲ လိုက်လိုက်ပါ။

စာစောင်လေးကို နှစ်သက်ရင် SHARE လိုက်ပါဦးနော်။