ပျော်စရာကောင်းတဲ့ လောကကြီးဖြစ်ဖို့

blank

ကျွန်မဟာ သူစိမ်းတွေကိုတောင်မှ ချီးမွမ်းစကားတွေ ပြောတတ်တဲ့အတွက် လူတွေက ကျွန်မကို အံ့သြတတ်ကြပါတယ်။ ကျွန်မကိုသဘောကျလာစေချင်လို့ ဟန်ဆောင်ပြီး ချီးမွမ်းနေတာပါလို့လည်း ထင်တတ်ကြတယ်လေ။

ကျွန်မက ကျွန်မဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက်ဆီမှာ ကျွန်မသဘောကျတဲ့ အရာလေးတွေ တွေ့ပြီဆိုရင် “ဖိနပ်လေးတွေ သဘောကျတယ်ဟေ့” ၊ “ကောင်းလိုက်တဲ့ဆံပင်” ၊ “မင်း မျက်လုံးလေးတွေက သိပ်လှတာပဲ” စသဖြင့် ချီးမွမ်းမိတတ်ပါတယ်။ တကယ်တော့ ကျွန်မ အဲ့ဒီလိုလိုက်လံချီးမွမ်းစကားတွေ ပြောနေတာမှာ အကြောင်းရှိပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ ဘဝက ခက်ခဲကြမ်းတမ်းပြီးတော့ လောကဓံရဲ့ ဖိစီးမှုဒဏ်ကို ခံစားရတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လူတွေ ဘာအခက်အခဲ ကြုံတွေ့နေရတယ်ဆိုတာ ကျွန်မတို့ မသိနိုင်ပါဘူး။ ကျွန်မတို့အတွက် အပန်းမကြီးတဲ့ ချီးမွမ်းစကားလေးတစ်ခွန်းကြောင့် လူတစ်ယောက် တစ်ချက်ကလေး ပြုံးသွားမယ်ဆိုရင်တောင် ဒါဟာကျေနပ်စရာပဲမလား။ ဒါကြောင့် စာချစ်သူတို့ရေ ပျော်ရွှင်စရာကောင်းတဲ့ လောကကြီးတစ်ခုဖြစ်လာအောင် သင့်ဘက်က စတင်ပြီး ချီးမွမ်းစကားလေးတွေ ပြောကြည့်ပါနော်။ တကယ်ပျော်စရာကောင်းတယ်ဆိုတာကို တွေ့လာမှာပါ။

ဒီစာစောင်လေးကို သဘောကျနှစ်သက်မိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။