ချစ်သူများနေ့ဟာ သင့်အတွက် ဘယ်လိုအဓိပ္ပါယ်တွေ ရှိနေလဲ

blank

စာချစ်သူတို့ရေ…

ချစ်သူများနေ့ဆိုတာ လူတိုင်းပါးစပ်ဖျားမှာ ပြောနေကြတဲ့ စိတ်ကူးယဉ်စရာ နေ့လေးတစ်နေ့လား။ ပန်းစည်းတွေ၊ ချောကလက်တွေပေးနေကြတဲ့ နေ့လား။ ဒါမှမဟုတ်၊ ကျူးပစ်ရဲ့မြှားမှန်တဲ့နေ့လား။ လက်ဆောင်ပစ္စည်းဆိုင်တွေ၊ စူပါမားကတ်တွေမှာ အနီရောင်အသည်းပုံလေးတွေ ကပ်ထား၊ ချိတ်ထားတဲ့ နေ့လား။ ဒါမှမဟုတ် ချစ်ခြင်းအားလုံးနဲ့ သက်ဆိုင်တဲ့နေ့လေးတစ်နေ့လား။

ဘာပဲဖြစ်ဖြစ်၊ ချစ်သူများနေ့ဆိုတာ သင့်မှာ ချစ်ခြင်းပဲရှိရှိ၊ မုန်းခြင်းပဲရှိရှိဖြတ်သန်းရမယ့် သာမန်နေ့တစ်နေ့ပါပဲ။ သက်ဆိုင်သူရှိတဲ့သူတွေအတွက် ချစ်ခြင်းတရား၊ အကြင်နာတရားတွေအပြည့်နဲ့ သာယာဖွယ်နေ့ရက်တစ်ရက်ပါပဲ။ တကယ်လို့ သင့်မှာ ကလေးတွေရှိနေတယ်ဆိုရင် သူတို့တွေလည်း ချစ်သူများနေ့မှာ စိတ်လှုပ်ရှားစရာတွေနဲ့ ဖြတ်သန်းချင်မှာပဲ။ ပန်းချီဆွဲတာ၊ ပန်းစက္ကူလေးတွေ ခေါက်တာစသဖြင့် စိတ်ဝင်စားရာလေးတွေ ဖန်တီးရင်း ချစ်သူများနေ့ကို ကုန်ဆုံးပါ။ သင်က တစ်ကိုယ်တည်းသမားဆိုရင် ချစ်သူများနေ့မှာ သင်နှစ်သက်ရာတွေလုပ်ရင်း ကုန်ဆုံးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မအတွက်တော့၊ ချစ်သူများနေ့ဆိုတာ ဘဝမှာ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ပေးရင်း ချစ်ခင်ကြောင်းပြသရမယ့် နေ့တစ်နေ့လို့ သတ်မှတ်ပါတယ်။ လက်ဆောင်တွေ အပြန်အလှန်ပေးတာ၊ ဈေးကြီးတဲ့အစားအစာတွေ ဝယ်ကျွေးတာတွေမှ မဟုတ်ပါဘူး။ ကျွန်မတို့ဘဝမှာ အရေးပါတဲ့လူတွေနဲ့အတူ ရှိနေတဲ့နေ့တစ်နေ့က ကျွန်မတို့အတွက် ချစ်သူများနေ့ပဲမဟုတ်လား။

ဒါကြောင့် သင်က တစ်ယောက်တည်းသမားပဲဖြစ်ဖြစ်၊ လက်တွဲဖော်ရှိသူပဲဖြစ်ဖြစ် ချစ်သူများနေ့မှာ သင့်ကိုယ်သင်ရော၊ အခြားသူတွေကိုရော ချစ်ခင်ကြောင်း ပြသလိုက်ပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။