ပြစ်တင်ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ။

blank

           ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့ဖူးတဲ့ ပုံပြင်ဇာတ်လမ်းလေးတစ်ခု ပြန်မျှဝေပေးချင်ပါတယ်။

တစ်ခါတုန်းက ဖားကလေးတစ်ကောင်ဟာ သစ်ပင်တစ်ပင်ရဲ့ထိပ်ဖျားအထိတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီအခါမှာ ကျန်တဲ့ဖားတွေအားလုံးက “မဖြစ်နိုင်တာကွာ”၊ “မင်း ရူးနေလို့လား”၊ “တကယ့်အရူးကောင်ပဲ” ဆိုပြီးတော့ သူ့ကို ဝိုင်းပြောကြတယ်။

သူတို့ပြောနေတုန်းမှာပဲ ဖားကလေးကတော့ သူရည်ရွယ်ထားသလို သစ်ပင်ထိပ်အထိ ရောက်ရှိသွားပြီး “ကျွန်တော့်ကို အခုလို ဝိုင်းဝန်းအားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ပြောလိုက်ပါတယ်။

ဘာလို့လဲဆိုတော့ အဲ့ဒီဖားကလေးဟာ နားမကြားလို့ပါ။ ဒါကြောင့် သူ့ကို ပြစ်တင်အော်ဟစ်နေကြပုံတွေကိုကြည့်ပြီး သစ်ပင်ထိပ်ဖျားထိတက်နိုင်အောင် အားလုံးက အော်ဟစ်အားပေးနေကြတယ်လို့ ထင်သွားလို့ပါပဲ။ ဒီပုံပြင်လေးကို ကြည့်ခြင်းအားဖြင့် တစ်ခါတစ်ရံမှာ ကျွန်မတို့တွေဟာ ကိုယ်လျှောက်ချင်တဲ့လမ်းကို တခြားလူတွေက မဖြစ်နိုင်ဘူးဆိုပြီး တားဆီးရုံနဲ့ ရပ်တန့်ပစ်သင့်လားဆိုတာ ပြန်စဉ်းစားစရာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖားကလေးကတော့ တခြားလူတွေ ပြောတာကို မကြားတဲ့အတွက် အများမဖြစ်နိုင်ဘူးထင်တဲ့အလုပ်တစ်ခုကို ဖြစ်အောင်လုပ်နိုင်သွားတယ်။ ကျွန်မတို့တွေကော ကျွန်မတို့လုပ်နေတဲ့အလုပ်တစ်ခုကို မဖြစ်နိုင်ဘူးလို့ တားမြစ်သူတွေရှိလာရင် ဘယ်လိုတုံ့ပြန်ကြမလဲ။