တရုတ်လူမျိုးတွေ အနီရောင်သုံးရတဲ့ အကြောင်းရင်းများ

blank
beauty woman in red dress traditional cheongsam holding red envelopes and using laptop shopping online for chinese new year

စာချစ်သူတို့ရေ….

တရုတ်လူမျိုးတွေလို့ ဆိုလိုက်တာနဲ့ အနီရောင်နဲ့ တွဲပြီးမြင်မိကြမှာပါ။ တရုတ်ပြည်တစ်ဝှမ်းမှာလည်း အနီရောင်ကို အသုံးများတာ မြင်ဖူးကြမှာပါ။ ဒါဟာ ဘာကြောင့်လို့ ထင်ပါသလဲ။

တကယ်တော့ တရုတ်လူမျိုးတွေရဲ့ အယူအဆအရ အနီရောင်ဟာ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါကြောင့် တရုတ်ပွဲတော်တွေနဲ့ နှစ်သစ်ကူးလိုမျိုး မင်္ဂလာအချိန်အခါတွေမှာ အနီရောင်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့အလေးအမြတ်ထားရာ အရောင်ဖြစ်ပြီး၊ နေ့စဉ်ဘဝမှာလည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြီးတော့ အနီရောင်ဟာ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ နေလုံးအနီရောင်ကိုလည်း  သတိရအောက်မေ့စေပါတယ်။ နေရောင်ဟာ ကမ္ဘာပေါ်က သက်ရှိတွေကို အနွေးဓာတ်ပေးပြီး အားအင်ပြည့်ဖြိုးတက်ကြွစေပါတယ်။  ဒါကြောင့် တရုတ်လူမျိုးတွေဟာ  အနီရောင်ကို နွေးထွေးခြင်း၊ ပျော်ရွှင်ခြင်း၊ ကျက်သရေမင်္ဂလာခညောင်းခြင်း၊ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် တရုတ်ယဉ်ကျေးမှုအရ လေးစားသမှုပြုတဲ့အခါ၊ မင်္ဂလာအခါသမယပွဲတွေနဲ့ ဂုဏ်ပြုအခမ်းအနားပွဲတွေ ကျင်းပတဲ့အခါမှာ အနီရောင်ကို သုံးကြပါတယ်။

ဒါ့အပြင် အနီရောင်ဟာ ပျော်ရွှင်ခြင်းနဲ့ ကံကောင်းခြင်းတို့ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

နွေဦးပွဲတော်နဲ့ နေ့ထူးနေ့မြတ်တွေမှာ အရပ်သားပြည်သူတွေဟာ တရုတ်ရိုးရာဓလေ့ထုံးတမ်းတွေအရ အနီရောင်အဝတ်အစားတွေ ဝတ်ဆင်ကြပြီး အနီရောင်မီးအိမ်တွေကို ကိုင်ဆောင်ကြပါတယ်။ ဒါ့အပြင် ကြင်စဦးဇနီးမောင်နှံတွေကိုလည်း လူကြီးမိဘတွေက အနီရောင်စာအိတ်နဲ့ ငွေထည့်ပြီး မုန့်ဖိုးပေးကြပါတယ်။

အနီရောင်အဝတ်အစား ဝတ်ဆင်ခြင်းက ကံဆိုးခြင်းတွေနဲ့ နတ်ဆိုးတွေရန်ကနေ တိုက်ထုတ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့် တရုတ်ပြည်မှာ အနီရောင်ဟာ ရိုးရာအရရော ယနေ့ခေတ်မှာပါ အသုံးအများဆုံးနဲ့ အရေးအပါဆုံးအရောင်  ဖြစ်ပါတယ်။

ဒီဗဟုသုတရစေတဲ့ စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။