ဘာကြောင့် အမျိုးသားတွေကထက်မြက်ပြီးမမှီခိုတတ်တဲ့ မိန်းမမျိုးကိုရွေးချယ်ကြတာလဲ

၁။ ထက်မြက်တဲ့မိန်းမတွေဟာသူတို့ကိုယ်သူတို့ အခြားမိန်းမနဲ့ မနှိုင်းယှဉ်တတ်ကြလို့

ထက်မြက်ပြီးစိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေဟာကိုယ့်ကိုယ်ကိုကလွဲပြီးဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘူး၊ လိုက်မပြိုင်တတ်ကြပါဘူး။ ပြိုင်ပွဲတစ်တစ်ခုရှိတယ်ဆိုရင်တောင်မှ အဲဒီလိုခပ်ထက်ထက် အမျိုးသမီးတွေကယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ပြိုင်ကြတာကိုတွေ့ဖူးတယ်မဟုတ်လား။

၂။ ထက်မြက်တဲ့ မိန်းမတွေဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလို့

မိန်းမတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအလှတရားကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းပါပဲ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာဟာစိတ်လုံခြုံမှုမရှိတာနဲ့ အတူတူပဲလေ။ ဒါကြောင့် အမျိုးသားတွေကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ မိန်းကလေးတွေဆိုကြွေကြတာပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ထက်မြက်တဲ့ မိန်းမတွေကအမှီအခိုကင်းကင်းရပ်တည်နိုင်ကြလို့

ချစ်သူဘဝမှာတော့ “ကိုရေ… ဒါလေးလုပ်ပေးပါဦး၊ ဟိုဟာလေးဝယ်ပေးပါဦး” ဆိုတဲ့ အားကိုးချွဲ့နွဲ့တဲ့စကားလေးတွေကိုသာယာချင်သာယာလိမ့်မယ်။ ဒါပေမဲ့ ချစ်သူသက်တမ်းကြာလာတဲ့အချိန်၊ အိမ်ထောင်သည်ဘဝရောက်တဲ့အချိန်တွေမှာဒီလိုစကားတွေဟာစိတ်ရှုပ်စရာပါ။ အမျိုးသားတွေကအမှီအခိုကင်းကင်းရပ်တည်နိုင်ပြီးထက်မြက်တဲ့သူ၊ ပြဿနာတိုင်းကိုကူညီဖြေရှင်းပေးနိုင်တဲ့သူကိုပဲဇနီးအဖြစ် ရွေးချယ်ကြတာများပါတယ်။

၎။ လှပတာထက် သာလွန်တဲ့အရည်အချင်းတွေရှိလို့

ယောက်ျားတိုင်းကလှပတဲ့မိန်းမတွေကို ကြိုက်ကြတယ်။ လှပပြီးခပ်တုံးတုံးခပ်အအမိန်းမတွေကိုတော့ တွဲချင်တွဲမယ်၊ ဒါပေမဲ့ တစ်ဘဝလုံးအတွက်တော့ လက်တွဲဖော်အဖြစ် ရွေးချယ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမျိုးသားတွေကပိုပြီးဈေးတွက်တွက်တတ်ကြပါတယ်။

ဒါကြောင့် အဆင်းလှဖို့ချည်းအာရုံမထားဘဲအချင်းလှဖို့လည်းကြိုးစားပါ။ လှပမှုဆိုတာမတည်မြဲပါဘူး။ ဒါပေမဲ့ ထက်မြက်မှု၊ အမှီအခိုကင်းမှု၊ စိတ်ဓာတ်ခိုင်မာမှုဆိုတာတွေကတော့ ထာဝရတည်မြဲနေတတ်ပါတယ်။

သင်ကထက်မြက်ပြီးအမှီအခိုကင်းတဲ့သူဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။