သင် စိတ်ဖိစီးမှုခံစားနေရပြီဆိုတာ ပြသနေတဲ့ လက္ခဏာရပ်များ

စာချစ်သူတို့ရေ…..နေ့စဉ်ဘဝထဲမှာ ရှင်သန်နေထိုင်နေရင်း စိတ်ဖိစီးလာသလို ခံစားနေရပြီဆိုရင် အောက်ကအချက်တွေကြောင့်လားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါနော်။

  • အလုပ်တွေ အများကြီးကို တပြိုင်နက်တည်း လုပ်မိနေလား။
  • အလုပ်တွေကို မနားစတမ်း ဆက်တိုက် လုပ်မိနေလား။
  • သူတစ်ပါး တာဝန်တွေကိုပါ မနိုင်မနင်း ယူထားမိနေလား။
  • ညဖက်တွေမှာကော အိပ်ချိန်လုံလုံလောက်လောက်မရတော့ဘူးလား။
  • အစား ပုံမှန်မစားမိသလို လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်ဖြစ်တော့ဘူးလား။

ဒီမေးခွန်းတော်တော်များများရဲ့ အဖြေဟာ ဟုတ်တယ်လို့ ဖြစ်နေပြီဆိုရင်တော့ သင့်မှာ စိတ်ဖိစီးမှုတွေ ခံစားနေရတာ သေချာပါပြီ။ ဒါကို ဘယ်လိုလျှော့ချမလဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အခုကစပြီးတော့…..

  • တချို့တာဝန်တွေကို သူများတွေကို ပေးပြီး သင်နိုင်သလောက် ဝန်ပဲထမ်းပါ။
  • နားချိန် ဆယ်မိနစ်လောက်ယူပြီး ကော်ဖီသောက်ပါ၊ လမ်းလျှောက်ပါ။
  • စောစောအိပ်ရာဝင်ပါ။
  • အနားယူချိန်မှာ ဖုန်းပိတ်ထားပါ။
  • လေ့ကျင့်ခန်းလုပ်ပါ၊ တရားထိုင်ပါ၊ အသက်ဝဝရှူပါ။

ဒီနည်းလမ်းလေးတွေက စာချစ်သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မှာပါနော်။ သင် သိထားတဲ့ စိတ်ဖိစီးမှုလျော့ကျနည်းလေးတွေ ရှိရင်လည်း comment box မှာ မျှဝေပေးခဲ့ပါဦးနော်။