မိတ်ဆွေ…
သင့်ရဲ့ စိတ်ခံစားချက်တွေကို သင်တကယ်သိရဲ့လား။
- ခါးသီးမှုတွေခံစားလာရတဲ့အခါ ကုစားပေးဖို့ လိုတယ်ဆိုတာ…။
- သင်က အတိတ်က ရုန်းမထွက်နိုင်သေးဘူးဆိုတာ…။
- တာဝန်အသစ်တွေလုပ်ရတဲ့အခါ စိတ်မသက်မသာ ခံစားလာရတယ်ဆိုတာ…။
- ယုံကြည်ချက်တွေ ပြောင်းလဲပေးလိုက်ရတဲ့အခါ ဒေါသထွက်လာတယ်ဆိုတာ…။
- စိတ်မဝင်စားတဲ့အရာတွေ လုပ်ဆောင်ရတဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်လာတယ်ဆိုတာ…။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
- သူများအထောက်အပံ့နဲ့ ရှင်သန်ရတဲ့အခါ စိတ်မလုံမလဲဖြစ်နေတယ်ဆိုတာ…။
- သူများထောက်ပြမှ ကိုယ့်ကိုယ်ကိုယ် ပြုပြင်လိုက်ရတဲ့အခါ ရှက်တတ်တယ်ဆိုတာ…။
- အတိတ်ဆိုးတွေကြောင့် စိုးရိမ်သောကဖြစ်နေတယ်ဆိုတာ…။
- ပတ်ဝန်းကျင်ရဲ့အပြုအမူ အပြောအဆိုတွေကို နက်နက်ရှိုင်းရှိုင်း ခံစားတတ်တယ်ဆိုတာ…။
ကဲ… သင့်စိတ်ခံစားချက်လေးတွေကို အမှန်တကယ် နားထောင်တတ်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးဖို့ မမေ့ပါနဲ့နော်။ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦး။