လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်းရဲ့ နောက်ဆက်တွဲလက္ခဏာရပ်များ

blank

လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုဆိုတာ ကျူးလွန်ခံရသူရဲ့သဘောထားဆန္ဒမပါဘဲ အနိုင် ကျင့်စော်ကားတဲ့ အပြုအမူတွေကို ရည်ညွှန်းတာပါ။ Rape, Abuse, & Incest National Network (RAINN) အဖွဲ့အစည်းကြီးရဲ့အဆိုအရ အဲ့ဒီအပြုအမူတွေထဲမှာ အောက်ဖော်ပြပါအချက်တွေ ပါဝင် နေပါတယ်။

၁။ မုဒိမ်းကျင့်ရန် ကြိုးပမ်းအားထုတ်ခြင်း
၂။ ကာယကံရှင်ဆန္ဒမပါဘဲ ထိတွေ့ခြင်း
၃။ သဘာဝမကျတဲ့နည်းလမ်းတွေနဲ့ လိင်ဆက်ဆံရန် အားထုတ်ခြင်း
၎။ မုဒိမ်းကျင့်ခြင်း

အရေးကြီးတာတစ်ခုက ကြံစည်အားထုတ်တယ်ဆိုရာမှာ ခွန်အားဗလသုံးပြီး အားထုတ်ရုံသက် သက် အဓိပ္ပာယ်မဟုတ်ပါဘူး။ ကိုင်တွယ်မှု၊ အကြပ်ကိုင်ခြိမ်းခြောက်မှုမျိုးတွေလည်း ပါပါတယ်။ လိင် ပိုင်းဆိုင်ရာ ကျူးလွန်တဲ့အခါ ကျူးလွန်ခံရသူရဲ့အပြစ်ဆိုတာ မရှိပါဘူး။ ကျူးလွန်ခံရပြီးရင်လည်း ရေ တိုမှာကော ရေရှည်မှာပါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် အများကြီးသက်ရောက်သွားစေပါတယ်။

ကျူးလွန်ခံရပြီး အသက်ရှင်ကျန်ရစ်သူအများစုက သူတို့ရင်ဆိုင်ရတဲ့ဒုက္ခတွေကို အစီရင်ခံတင်ပြကြ တာတွေထဲမှာ ရှက်ရွံ့သိမ်ငယ်စိတ်၊ အထီးကျန်စိတ်၊ ထိတ်လန့်တုန်လှုပ်စိတ်၊ စိတ်ရှုပ်ထွေးခြင်းနဲ့ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရတဲ့စိတ်တွေပါ ပါဝင်နေကြတာကို တွေ့ရပါတယ်။ သူတို့တွေ ဟာ…
– စိတ်ကျရောဂါဖြစ်ခြင်း
– စိတ်အတက်အကျမမှန်ကန်တော့ခြင်း
– စိတ်ဒဏ်ရာရခြင်း
– အစာစားချင်စိတ်မရှိတော့ခြင်း
– စိုးရိမ်ပူပန်ခြင်း
စတဲ့ ဝေဒနာတွေကိုပါ ခံစားကြရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါဟာ ကျူးလွန်ခံရပြီးနောက်မှာ မိသားစု၊ သူငယ်ချင်းတွေဆီက အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေကြောင့်လည်း ပါနေပါတယ်။ ဒါကြောင့် မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းများအနေနဲ့လည်း သူတို့အပေါ် နားလည်မှု၊ နွေးထွေးကြင်နာမှုတွေ ပေးအပ်ဖို့ အရေးကြီးလှပါတယ်။ အကယ်၍ မိမိ ပတ်ဝန်းကျင်မှာ ဒီလိုအကြမ်းဖက်ကျူးလွန်မှုတွေကို တွေ့မြင်နေရရင်လည်း လျစ်လျူရှုမထားဘဲ တတ်နိုင်သလောက်ဖေးမပေးကူညီဖို့ ကြိုးစားသင့်ပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဆန့်ကျင်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။