ချစ်ခြင်းဖွဲ့အလင်္ကာ

ပထမနှစ်ဝက်ပိတ်လို့  အိမ်ခဏအလည်ပြန်ရောက်နေတဲ့  သားလေးကို ကျောင်းပြန်ဖို့ ဒီနေ့ပဲ ကျွန်မတို့လင်မယားနှစ်ယောက် ဘူတာလိုက်ပို့ကြပါတယ်။

သားကိုပို့ပြီးပြန်ရောက်တဲ့အခါ သားမရှိတော့တဲ့အိမ်ကလေးဟာ တိတ်ဆိတ်ခြောက်ကပ်လွန်းနေလို့ သားလေးရဲ့ ချွဲ့နွဲ့စကားပြောသံလေးတွေ၊ ဂစ်တာသံလေးတွေနဲ့ သူဂိမ်းဆော့နေတဲ့အသံလေးတွေကို တကယ့်ကို သတိရမိနေကြတယ်။ အိမ်ရဲ့နေရာတိုင်းဟာ သားလေးကိုပဲ လွမ်းဆွတ်စရာပါ။ ကျွန်မလည်း မခံစားနိုင်တော့တာနဲ့ သူရေးတတ်တဲ့ မှတ်စုလေးတွေ လိုက်ရှာမိတော့တယ်။

ဒီအခါကျမှပဲ သားလေးဟာ ကျွန်မအတွက် စာတိုလေးတွေ အများကြီးချန်ထားပေးခဲ့တာပဲဆိုတာ သိလိုက်ရတယ်။ ကျွန်မ ရှာကိုရှာတွေ့မယ်ဆိုတာ သူသိတယ်ပေါ့။ တကယ့်လူလည်လေးပါပဲ။ ရေချိုးကန်ရဲ့ အစွန်းလေးမှာဆိုရင် “ရေအကြာကြီး စိမ်မနေနဲ့နော်”၊ ကျွန်မဆေးဗီရိုရဲ့မှန်လေးပေါ်မှာဆိုရင် “အမေက အလှဆုံးပါ”၊ ကော်ဖီဖျော်စက်လေးဘေးမှာဆိုရင် “အမေ့ကို ချစ်တယ်” တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီစာတိုလေးတွေ တွေ့လိုက်ရတာဟာ ကျွန်မကို သိပ်ပျော်ရွှင်သွားစေပါတယ်။ ဒါကြောင့် စာတွေကို ထပ်ထပ်ပြီး ရှာနေမိတယ်။ စာတိုတစ်ခုတွေ့လိုက်တိုင်းလည်း ဒီစာလေးက နောက်ဆုံးတစ်စောင်ဖြစ်မှာကို ကျွန်မကြောက်နေမိတယ်။ ဒါပေမဲ့ ကျွန်မ ထပ်ရှာတွေ့တာပါပဲ။ သူ ကျောင်းပြန်ရောက်လို့ ကျွန်မကို ဖုန်းဆက်လာတဲ့အခါ “စာလေးတွေဘာလို့ ထားခဲ့တာလဲ”လို့ ကျွန်မ မေးလိုက်တော့ သားက “သားကို အမေ မမေ့သွားစေချင်လို့ပါ” တဲ့။

အခုဆိုရင် သူ့အတွက် လုပ်ပေးလိုက်တဲ့ ဟင်းဘူးလေးတွေထဲမှာ ကျွန်မ ထည့်ပေးလိုက်တဲ့ “သားကို အမေချစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ” ဆိုတဲ့စာတိုလေးတွေကို သူတွေ့ပါလိမ့်မယ်။ ကျွန်မကိုလည်း သူ မေ့မသွားစေချင်ဘူးလေ။

ခံစားမှုရသလေးတွေကို မျှဝေဖို့ LIKE & SHARE လေးလုပ်ခဲ့ပါဦးနော်။

SHARE