လူတွေဟာ ဘယ်အသက်အရွယ်မှာ အပျော်ရွှင်ဆုံးလဲ

blank

 “လူတွေဟာ ဘယ်အသက်အရွယ်မှာ အပျော်ရွှင်ဆုံးလဲ”

ဒီမေးခွန်းရဲ့ အဖြေကို သိရဖို့ အသက် (၃ဝ) ကျော်တဲ့လူပေါင်းများစွာကို သုတေသနတွေအများကြီး ပြုလုပ်ခဲ့ပါတယ်။ သုတေသနတွေရဲ့ ရလဒ်ကတော့ “အသက်ကြီးလေလေ၊ ပိုပြီး ပျော်ရွှင်ရလေလေ” ပါတဲ့။

လူတွေက အသက်ကြီးပြီး ရင့်ကျက်လာတဲ့အခါ ဘဝပျော်ရွှင်မှုကို ပိုပြီးခံစားနိုင်လာကြပါတယ်။ မျိုးဆက်တွေအားလုံးထဲမှာမှ အသက် (၈ဝ) ဝန်းကျင် အဘိုးအဘွားတွေရဲ့ ၅ဝ% ဟာ စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားရတယ်လို့ ဆိုကြပါတယ်။

အကြောင်းရင်းကတော့ အသက်ကြီးပြီး ရင့်ကျက်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်မှုတွေ၊ ညှာတာမှုတွေနဲ့ နေထိုင်ရှင်သန်ကြပြီး ကိုယ့်ကိုယ်ကို ပိုပြီး တန်ဖိုးထားလာတတ်ကြပါတယ်။ ပျော်ရွှင်မှုဆိုတာကို နားလည်ဖို့ ဘဝရဲ့ အရည်အသွေးကို နားလည်သိရှိထားဖို့လိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သုတေသနပညာရှင်တွေဟာ အသက် (၃ဝ) ကျော်သူတွေကို စစ်တမ်းကောက်ယူရာမှာ “အခု သင့်ဘဝကို ဘယ်လိုခံစားရလဲ” ဆိုတဲ့ မေးခွန်းမေးပြီး အဖြေတွေကို အဆင့် (၃) မျိုးခွဲခြားသတ်မှတ်ခဲ့ပါတယ်။

  • အရမ်းပျော်နေတယ်။
  • ပျော်ပါတယ်။
  • သိပ်မပျော်ဘူး၊ ပုံမှန်ပါပဲ။

ဆိုပြီးတော့ပေါ့။

အဲဒီလိုနဲ့ စစ်တမ်းကောက်ခဲ့ရာမှာ အသက်အရွယ်ကြီးလေ၊ ပျော်တဲ့သူပိုများလေဖြစ်နေတာ တွေ့ရပါတယ်။ နောက်ထပ်တွေ့ရတာတစ်ခုက အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး ပျော်ရွှင်မှုကို ခံစားနိုင်တယ်ဆိုတာပါပဲ။ ပြီးတော့ ကျန်းမာရေးကောင်းသူတွေနဲ့ ဘဝကြင်ဖော်ရှိတဲ့သူတွေက ပိုပြီးတော့ ပျော်ရွှင်ရတာကိုလည်း တွေ့ရပါတယ်။

အထူးဆန်းဆုံးကတော့ သားသမီးမထွန်းကားတဲ့ ဇနီးမောင်နှံတွေမှာ ပူပန်စိုးရိမ်စရာမရှိဘဲ ပိုပြီးပျော်ရွှင်နေကြတယ်ဆိုတာပါပဲ။

သင့်ထင်မြင်ချက်လေးတွေကို comment မှာ ရေးသွားခဲ့ပါဦး။