လူမှုကွန်ယက်အသုံးပြုခြင်းက ကောင်းကျိုးဖြစ်စေလား။ ဆိုးကျိုးဖြစ်စေလား။

blank

လူမှုကွန်ယက်နဲ့ စိတ်ဓာတ်ကျမှုတို့ရဲ့ ဆက်စပ်နေခြင်းဟာ ဒီနေ့ခေတ်လူပြောများလာတဲ့ကိစ္စပါ။ ပန်ဆယ်လ်ဗေးနီးယား (Pennsylvania) တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေဟာ လူမှုကွန်ယက်ကို တစ်နေ့မှာ မိနစ်သုံးဆယ်လောက် အသုံးပြုခြင်းက လူတွေအားလုံးအတွက် စိတ်ပိုင်းဆိုင်ရာမှာ သိသာထင်ရှားစွာ တိုးတက်စေပါတယ်လို့ တွေ့ရှိထားပါတယ်။

လူမှုကွန်ယက်ပေါ်က အကြောင်းအရာတွေကို ကြည့်လိုက်တိုင်း၊ ကိုယ့်ပုံ like ဘယ်လောက်ရတယ်ဆိုတာ ကြည့်လိုက်တိုင်း ဒိုပါမင်း (Dopamine) အမြောက်အများကို ဦးနှောက်ဆီ ထုတ်လွှင့်လိုက်ပါတယ်။ဒိုပါမင်း ဆိုတာဟာ လူတွေကို လိုချင်တပ်မက်စိတ်တွေ ဖြစ်ပေါ်လာစေတဲ့ အာရုံတစ်ခုပါ။ ဒိုပါမင်း က စိတ်ကို နိုးကြွစေပြီး အလွယ်တကူ စိတ်ပျော်ရွင်ကျေနပ်မှုကို မြင့်တင်ပေးတယ်။

လူမှုကွန်ယက်က အလွယ်တကူစိတ်ပျော်ရွင်ကျေနပ်မှုကို ပြန်လည်ဖြည့်ဆည်းပေးလိုက်နိုင်တဲ့အတွက် လူတွေဟာ လူမှုကွန်ယက်ကို မသုံးဘဲမနေနိုင်လောက်အောင် စွဲလမ်းလာကြတာပါ။

လူမှုကွန်ယက်ကို အသုံးပြုခြင်းဟာ မိတ်ဆွေတွေနဲ့ ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်ပြီး အထီးကျန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေကို လျော့နည်းစေတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အချိန်ကန့်သတ်မဲ့အသုံးပြုရင်တော့ ဆိုးကျိုးတွေသာ ယူဆောင်လာမှာမို့ တစ်နေ့ကို နာရီဝက်လောက် ပဲ အသုံးပြုသင့်ပါတယ်။
သင်ကော လူမှုကွန်ယက်ကို တစ်နေ့အချိန်ဘယ်လောက်အသုံးပြုဖြစ်လဲ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။