သင်ဘာကြောင့် ပျော်ရွှင်မနေတာလဲဆိုတာ သိပါသလား။

blank

တစ်နေ့တာကို ပုံမှန်လှုပ်ရှားသွားလာနေပေမယ့်၊ ပြုမြဲကိစ္စလေးတွေ ဆောင်ရွက်နေပေမယ့်၊ ထိတွေ့ဆက်ဆံနေကျလူတွေနဲ့ ပုံမှန်ဆက်ဆံရေးရှိနေပေမယ့် ထူးထူးခြားခြားအခက်အခဲမရှိတာ တောင် သင်ဘာကြောင့် နှစ်နှစ်ကာကာ ပျော်ရွှင်မနေရတာလဲ။

သင့်အတွက် “ပျော်ရွှင်မှုက ဘာလဲ” ဆိုတာကိုကော လေးလေးနက်နက်တွေးကြည့်ဖူးလား။
သင့်ဝန်းကျင်က လူတွေကို စိတ်ချမ်းသာအောင် ဖြည့်းဆည်းပေးနေမှုလား၊ အပေါင်းအသင်း တွေနဲ့ အဆင်ပြေအောင် နေထိုင်တတ်မှုလား…။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ခါတစ်ရံမှာ လူတွေဟာ ကိုယ်ပျော်နေတယ်လို့ထင်တဲ့ အရာတွေနောက်လိုက်ရင်း ကိုယ့်ရဲ့ အတွင်းစိတ်ထဲထိ ခံစားရစေမယ့် ပျော်ရွှင်မှုအစစ်အမှန်ကို ပြန်တူးဆွဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ့် ကို တကယ်ပျော်ရွှင်စေတဲ့အရာက ဘာလဲ၊ ကိုယ်ဘာလုပ်ရရင် ပျော်ရွှင်လဲ၊ အမြဲတမ်းပျော်ရွှင်ဖို့ ကိုယ့် ကိုယ်ကိုယ်ဘာတွေ ဖြည့်ဆည်းပေးရမလဲဆိုတာတွေ ဆန်းစစ်ဖို့ မေ့လာတာကြာတဲ့အခါ ကိုယ့်ရဲ့ ပျော်ရွှင်မှုကလည်း ကိုယ့်ကိုတဖြည်းဖြည်းနဲ့ စွန့်ခွာသွားပါတယ်။ သတိရလို့ ပြန်လိုက်ရှာတဲ့အခါမှာ ပျော်ရွှင်မှုက ကိုယ်နဲ့အဝေးဆုံးမှာ ရောက်ရှိနေပါပြီ။

ဒီနေ့မှာ ဒီစာလေးဖတ်ရတာဟာ သင့်ပျော်ရွှင်မှုကို အချိန်မီဆန်းစစ်ဖို့ အခွင့်အရေးပါပဲ။ အခုပဲ ပြန်မေးကြည့်လိုက်ပါ။ သင့်အတွက် သင်ဘာတွေလုပ်နေလဲ၊ လုပ်ပြီးပြီလဲ။
သင့်ဘဝမှာကော တကယ်ပဲပျော်ရွှင်နေရဲ့လား။