အလေးနက်ဆုံးဘဝစည်းမျဉ်းလေးများ

blank

၁။ လူတွေမျှော်လင့်ထားတာထက် ပိုပေးလိုက်ပါ။ သင်ရည်ရွယ်ထားတာထက် ပိုအောင်မြင်မှာပါ။

၂။ သင်အမြဲစကားပြောချင်နေတဲ့သူကို လက်ထပ်ပါ။ အသက်အရွယ်ရလာတာနဲ့အမျှ စကားပြော ဖော်ကောင်းကလည်း အရေးကြီးဆုံးဖြစ်လာတာမို့ပါ။

၃။ သင် ကြားသမျှအရာအားလုံးကို မယုံကြည်ပါနဲ့။ သင်ကိုယ်တိုင်တွေ့မှ ဆုံးဖြတ်ပါ။

၎။ “ ချစ်တယ်” ဆိုတဲ့စကားကို ရင်ထဲကလှိုက်လှဲမှုနဲ့ ပြောပါ။

၅။ “ ဝမ်းနည်းပါတယ်” ဆိုတဲ့စကားပြောတဲ့အခါ သင်ပြောတဲ့သူရဲ့မျက်လုံးထဲကြည့်ပြီး ပြောပါ။

၆။ လက်မထပ်ခင် ခြောက်လအလိုကတည်းက စေ့စပ်ပါ။

၇။ သူတစ်ပါးရဲ့အိပ်မက်ကို ဘယ်တော့မှ မရယ်မောပါနဲ့။ သင့်မှာလည်း အိပ်မက်ရှိတာကို သတိရပါ။

၈။ လေးလေးနက်နက်နဲ့ ပြင်းပြင်းပြပြချစ်ပါ။ အဲ့ဒီအတွက် နာကျင်ကောင်းနာကျင်ရနိုင်ပေမဲ့ ဒါဟာ ဘ ဝကို အဓိပ္ပာယ်အရှိဆုံး ရှင်သန်ခွင့်ရစေတဲ့နည်းလမ်းတစ်ခုပါ။

၉။ သဘောမတူညီမှုတွေကို ဒေါသနဲ့အနိုင်မယူပါနဲ့။ တရားမျှတခြင်းနဲ့ပဲ ယှဉ်ပြိုင်ပါ။

၁ဝ။ လူတစ်ယောက်အပေါ် သူ့ဆွေမျိုးတွေကိုကြည့်ပြီး အကဲမဖြတ်သင့်ပါ။

၁၁။ မြန်မြန်တွေးပါ။ ဖြည်းဖြည်းပြောပါ။

၁၂။ မဖြေချင်တဲ့မေးခွန်းတစ်ခုမေးခံရတဲ့အခါ “ဘာကြောင့်သိချင်တာလဲ” လို့ အပြုံးနဲ့ ပြန်မေးလိုက်ပါ။

၁၃။ ကြီးမြတ်တဲ့ချစ်ခြင်းနဲ့ အောင်မြင်မှုတွေမှာ ကြီးမားတဲ့စွန့်စားမှုတွေပါဝင်နေတာကို သတိရပါ။

၁၄။ တစ်ယောက်ယောက်အဆင်မပြေနေတဲ့အခါ “ အဆင်ပြေပါစေ” လို့ ဆုတောင်းပေးပါ။

၁၅။ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ သင်ခန်းစာကိုတော့ ရယူလိုက်ပါ။

၁၆။ ကိုယ့်ကိုယ်ကိုလေးစားပါ။ သူတစ်ပါးကို လေးစားပါ။ ကိုယ့်တာဝန်ကိုယ်ယူပါ။

၁၇။ အပြစ်သေးသေးလေးတွေနဲ့ ကြီးမားတဲ့ခင်မင်မှုကို မလဲသင့်ပါ။

၁၈။ အမှားတစ်ခုလုပ်မိပြီလို့ သိလိုက်တဲ့အခါ အမှန်ပြင်ဆင်ဖို့ ချက်ချင်းစတင်လိုက်ပါ။

၁၉။ ဖုန်းဖြေတဲ့အခါ ပြုံးနေပါ။ ဖုန်းခေါ်တဲ့သူက သင့်အသံက တစ်ဆင့် အပြုံးလေးကိုပါ ကြားရမှာပါ။

၂ဝ။ အချိန်နည်းနည်းရတဲ့အခါ ကမ္ဘာမြေကြီးကို သင်ဘာလုပ်ပေးနိုင်လဲဆိုတာ စဉ်းစားကြည့်ပါ။

စိတ်ခွန်အားဖြည့်ရသစာစုလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။