အိပ်ရာထဲမှာ ဘာကြောင့် ဖုန်းယူမအိပ်သင့်တာလဲ။

blank
  • အိပ်ရာဝင်တဲ့အခါ ဖုန်းကို အလွယ်တကူလှမ်းယူနိုင်တဲ့နေရာမှာ ထားဖြစ်နေလား။
  • ကျောင်းမှာ၊ အလုပ်မှာ၊ နေ့လယ်စာစားချိန်မှာ၊ မီးပွိုင့်မှာစောင့်နေချိန်လေးတွေမှာတောင် ဖုန်းသုံးဖြစ်နေလား။

ဒီလိုဆိုရင်တော့ ဖုန်းစွဲလန်းနေသူတွေထဲ သင်လည်းတစ်ယောက်အပါအဝင်ဖြစ်နေပါပြီ။

ကျန်းမာရေးဆိုင်ရာသုတေသနပညာရှင်များရဲ့အဆိုအရ ဆဲလ်ဖုန်းတွေဟာ ညဘက်မှာ နှစ် နှစ်ခြိုက်ခြိုက်အိပ်မပျော်စေရုံထက်ပိုတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ စာပို့တာ၊ လက်ခံတာ တွေအချက်ပြတဲ့အခါ ဖုန်းတွေကထုတ်လွှတ်တဲ့ရေဒီယိုကြိမ်နှုန်းတွေဟာ လူ့ကျန်းမာရေးကို အပြင်း အထန်ထိခိုက်လာစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သုတေသနအနေနဲ့ အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးတဲ့ ဆဲလ်ဖုန်းကထွက်တဲ့ဓာတ်ရောင်ခြည်တွေ နဲ့မကြာခဏထိတွေ့ခြင်းက သုတ်ပိုးကောင်အရေအတွက်လျော့နည်းလာစေခြင်း၊ မှတ်ဉာဏ်နဲ့ အကြားအာရုံတွေ ယုတ်လျော့လာခြင်းတို့လို ကျန်းမာရေး ဆိုးကျိုးတွေအပြင် မကြာသေးခင်က ထုတ်ပြန်ချက်အရ ကင်ဆာအထိပါ ဖြစ်ပွားစေနိုင်ပါတယ်။

အဲ့ဒီ ကြောက်စရာဓာတ်ရောင်ခြည်ထိတွေ့မှုကနေလျှော့ချဖို့ အသုံးမပြုတော့တဲ့အခါ နားကြပ် တွေဖြုတ်ဖို့၊ ဖုန်းပါဝါပိတ်ပြီးမှ အိပ်ရာဝင်ဖို့ကို ပညာရှင်တွေက အကြံပြုထားကြပါတယ်။ ဒါ့အပြင် ဖုန်း စခရင်ကလည်း ဘက်တီးရီးယားပိုးပေါင်းမြောက်များစွာကို သယ်ဆောင်ထားတဲ့အတွက် ဖုန်းဆေး ရည်နဲ့ မကြာခဏသန့်စင်ပေးဖို့၊ ဖုန်းကိုင်ပြီးရင် လက်မှန်မှန်ဆေးဖို့လည်းတိုက်တွန်းထားပါသေးတယ်။

ဖုန်းအသုံးပြုနေသူတိုင်းဆင်ခြင်နိုင်စေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။